(၁) အသေဝနာ စ ဗာလာနံ = သူမိုက်တို့ကို မမှီဝဲမဆည်းကပ်ခြင်း
(၂) ပဏ္ဍိတာနဉ္စ သေဝနာ = ပညာရှိတို့ကို မှီဝဲဆည်း ကပ်ခြင်း
(၃) ပူဇာ စ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း
ဧတံ မင်္ဂလ မုတ္တမံ။ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏။
(၄) ပတိရူပဒေသဝါသော စ = လျော်ကန် သင့်မြတ်သော အရပ်၌နေထိုင်ခြင်း
(၅) ပုဗ္ဗေ စ ကတပုညတာ = ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှု ရှိသူဖြစ်ခြင်း
(၆) အတ္တသမ္မာပဏိဓိ စ = အကျင့်တရား မပျက်ပြားအောင်
မိမိကိုယ်စိတ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်း
ဧတံ မင်္ဂလ မုတ္တမံ။ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏။
(၇) ဗာဟုသစ္စဉ္စ = အကြားအမြင်များသောသူဖြစ်ခြင်း၊
(၈) သိပ္ပဉ္စ = လက်မှုပညာအစရှိသော အတတ်တို့ကို တတ်မြောက်ခြင်း
(၉) ဝိနယော စ သုသိက္ခိတော = ကောင်းစွာသင်ကြားပြီးသော ကိုယ်ကျင့် ဝိနည်းတရားရှိခြင်း
(၁၀) သုဘာသိတာ စ ယာ ဝါစာ = ကောင်းစွာပြောဆိုအပ်သော စကားရှိခြင်း
ဧတံ မင်္ဂလ မုတ္တမံ။ ဤတရားလေးပါး သည် မြတ်သော မင်္ဂလာမည်၏ ။
(၁၁) မာတာပိတု ဥပဋ္ဌာနံ = အမိအဘတို့ကို လုပ်ကျွေးမွေးမြူခြင်း
(၁၂) ပုတ္တဒါရဿ သင်္ဂဟော = သားမယားတို့ကို ချီးမြှောက် ထောက်ပံ့ခြင်း
(၁၃) အနာကုလာ စ ကမ္မန္တာ = လယ်လုပ် ကုန်သွယ် ရောင်းဝယ်ခြင်းစသော အနှောက် အယှက်မရှိသော အမှုတို့ကို ပြုလုပ်ခြင်း
ဧတံ မင်္ဂလ မုတ္တမံ။ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏။
(၁၄)။ ဒါနဉ္စ = ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
(၁၅) ဓမ္မစရိယာ စ = သုစရိုက်တရားဆယ်ပါးတို့ကို ကျင့်သုံးခြင်း
(၁၆) ဉာတကာနဉ္စ သင်္ဂဟော = အဆွေ အမျိုးတို့ကို ချီးမြှင့်ထောက်ပံ့ခြင်း
(၁၇) အနဝဇ္ဇာနိ ကမ္မာနိ = ဥပုသ်စောင့်ခြင်း ရေတွင်း, ရေကန် တူးခြင်းစသော အပြစ်မရှိသော အလုပ်တို့ကို ပြုလုပ်ခြင်း
ဧတံ မင်္ဂလမုတ္တမံ။ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏။
(၁၈) အာရတီ = မကောင်းမှုမှ စိတ်ဖြင့် ဝေးစွာ ရှောင်ကြဉ်ခြင်း၊
(၁၉) ဝိရတီ ပါပါ = မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်း
(၂၀)မဇ္ဇပါနာ စ သံယမော = သေရည်သေရက် သောက်ခြင်းမှ ကောင်းစွာရှောင်ကြဉ်ခြင်း
(၂၁) အပ္ပမာဒေါ စ ဓမ္မေသု = ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း
ဧတံ မင်္ဂလ မုတ္တမံ။ ဤတရား လေးပါးသည် မြတ်သော မင်္ဂလာမည်၏။
(၂၂) ဂါရဝေါ စ = ရိုသေထိုက်သော သူတို့ကို ရိုသေခြင်း
(၂၃) နိဝါတော စ = မာန်မာနကို နှိမ့်ချခြင်း
(၂၄) သန္တုဋ္ဌိ စ = ရသမျှနှင့် ရောင့်ရဲလွယ်ခြင်း
(၂၅) ကတညုတာ = သူပြုဖူးသော ကျေးဇူးကိုသိခြင်း
(၂၆) ကာလေန ဓမ္မဿဝနံ = သင့်လျော်သော အခါ၌ သူတော်ကောင်းတရားကို နာကြားခြင်း
ဧတံ မင်္ဂလ မုတ္တမံ = ဤတရားငါးပါးသည် မြတ်သော မင်္ဂလာမည်၏။
(၂၇) ခန္တီ စ = သည်းခံခြင်း
(၂၈) သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သောစကားကို နာယူလွယ်ခြင်း
(၂၉) သမဏာနဉ္စ ဒဿနံ = ရဟန်းသူမြတ်တို့ကို ဖူးမြင်ခြင်း
(၃၀) ကာလေန ဓမ္မသာကစ္ဆာ = သင့်လျော်သောအခါ၌ တရားစကားကို ဆွေးနွေးမေးမြန်းခြင်း၊
ဧတံ မင်္ဂလ မုတ္တမံ = ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏။
(၃၁) တပေါ စ = ခြိုးခြံစွာကျင့်ခြင်း
(၃၂) ဗြဟ္မစရိယဉ္စ = မြတ်သော အကျင့်ကိုကျင့်ခြင်း၊
(၃၃) အရိယသစ္စာန ဒဿနံ = အရိယာ သူတော်ကောင်းတို့၏ သစ္စာလေးပါးတရားကို သိမြင်ခြင်း
(၃၄) နိဗ္ဗာနသစ္ဆိကိရိယာ စ = တဏှာမှထွက် မြောက်ရာ အရဟတ္တဖိုလ်တည်းဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
ဧတံ မင်္ဂလမုတ္တမံ = ဤ တရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏။
(၃၅) ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ = လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံသော ရဟန္တာ၏ စိတ်သည် မတုန်မလှုပ်၊
(၃၆) အသောကံ = စိုးရိမ်ကြောင့်ကြခြင်းလည်းမရှိ
(၃၇) ဝိရဇံ = ကိလေသာရမ္မက် ဟူ သော မြူလည်းမရှိ၊
(၃၈) ခေမံ = ကြောက်ရွံ့ထိတ်လန့် ဘေးလည်းမရှိ၊
ဧတံ မင်္ဂလ မုတ္တမံ = ဤတရားလေးပါး သည် မြတ်သော မင်္ဂလာမည်၏။
အို နတ်သား နတ်နှင့်တကွသော လူတို့သည် ဤ သုံးဆယ့်ရှစ်ပါးအပြား ရှိသော မင်္ဂလာတရားတော်တို့ကို သင်ယူ လိုက်နာ ကျင့်သုံး အားထုတ်ကုန် သည်ရှိသော် အလုံးစုံသော အရပ်တို့၌ ရန်သူတို့သည် မအောင်နိုင် ကြသဖြင့် ချမ်းသာခြင်းသို့ ရောက်ကြရကုန်၏။
အို နတ်သား ထို သုံးဆယ့်ရှစ်ပါး မင်္ဂလာတရားတော်သည်သာလျှင် နတ်လူတို့ ၏ မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
(ဗုဒ္ဓ၊ မင်္ဂလသုတ်)