မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 6 April 2013

နှာရည်ယိုစေတဲ့အစားအစာ

နှာရည်ယိုစေတဲ့အစားအစာ

ဟင်းခတ်အမွှေးအကြိုင်တွေပါတဲ့ အစားအစာတွေမှာ သင့်ရဲ့ နှာရည်အမြှေးပါးကိုနှိုးဆွတဲ့ ဓာတုပစ္စည်းပါတဲ့အတွက် သင့်ကိုနှာရည်ယိုစေပါတယ်…

အဲဒီဓာတုပစ္စည်းကို capsaicin လို့ခေါ်ပါတယ်… ဒီဓာတုပစ္စည်းကို ငရုတ်ကောင်းမှုန့်လိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ တွေ့ရပါတယ်…

ဒီပစ္စည်းဟာ နှာခေါင်းရဲ့ နှာရည်အမြှေးပါးနဲ့ မျက်လုံးမှာရှိတဲ့ မျက်ရည်ပြွန်တို့ကို ပြင်းပြင်းပြပြနှိုးဆွနိုင်ပါတယ်… ဒါကြောင့် ဒီလိုအစားအစာကိုစားတဲ့အခါမှာ နှာရည်ယိုရုံတင်မက တစ်ခါတစ်ရံ မျက်ရည်ပါထွက်နေတာကို တွေ့ရတာဖြစ်ပါတယ်…

Capsaicin ဟာ သွေးကြောမျှင်တွေကိုလည်းကျယ်စေပါတယ်… ဒါကြောင့် ငရုတ်သီးစပ်တဲ့အခါ လူတွေရဲ့မျက်နှာတွေနီလာတတ်တာဖြစ်ပါတယ်….