ဓာတ်ပုံပညာဆိုတဲ့စကားလုံးစတင်ပေါ်ပေါက်လာပုံ
ဓာတ်ပုံပညာ(Photography) ဆိုတဲ့ စကားလုံးကို 1839 ဗြိတိသျှသင်္ချာပညာရှင် နက္ခတ်ဗေဒပညာရှင် ဆာဂျွန်ဖရီဒရစ်ဝီလီယမ်ဟာရှယ်(ယူရေးနပ်ဂြိုဟ်ကိုရှာဖွေတွေ့ရှိခဲ့သူ ဆာဖရီဒရစ်ဝီလီယမ်ဟာရှယ်၏သား)က စတင်ထီထွင်ခဲ့ပါတယ်။ ဟာရှယ်က ဓာတ်ပုံပညာနဲ့သက်ဆိုင်တဲ့ စကားလုံးစုဖြစ်တဲ့ နက်ကတစ်(negative)နဲ့ပေါစတစ်(positive) ဆိုတဲ့ ဝေါဟာရတစ်ရပ်လည်း ထီထွင်ခဲ့ပါတယ်။သူရဲ့ လျှမ်းလျှမ်းတောက်အခြင်းအရာတွေကိုတော့ သင်ကြည့်လိုက်ပါအုန်း။ မှန်ဘီလူးတစ်ခုတည်းပါတဲ့
ရောင်ပြန်ပိုတိုဂရပ်ဖစ်ကင်မရာ(SLR) ကို 1861 မှာဂျာစေကျွန်း (ချယ်နယ်ကျွန်းများထဲကကျွန်းတစ်ခု)မှာ နေထိုင်တဲ့ သောမတ်စောတန်က ထီထွင်ခဲ့တယ်။ တော်တော်ကြီးမားတဲ့ကင်မရာအမျိုးအစားပါပဲ။ ပထမဆုံး 35မီလီမီတာ SLR ကင်မရာကို 1934မှာ ဆိုဗီယက်ပြည်ထောင်စု အားကစားအသင်းကနေ ပံ့ပိုးခဲ့တယ်။ ဘာကြောင့်ပံ့ပိုးခဲ့တာလဲဆိုတော့ 1937 တိုင်အောင် အဲဒီကင်မရာက ဈေးကွက်မှာနာမည် မရသေးဘူး။
ဂျာမနီ ကင်အိပ်ကာ(Germany’s Kine Exakta)က 1936 မှာ ဆိုင်ဖွင့်ပြီး ပထမဆုံး 35mm SLR ကင်မရာကို ရောင်းချရန် ပြုလုပ်ခဲ့ပါတယ်။ အာရှမှာ ပထမဆုံး SLR ကတော့ အာဆာဟိဖလပ်လို့ခေါ်ပါတယ်။ 1952 မှာ ဂျပန်နိုင်ငံ အဆာဟိမှန်ပစ္စည်းကော်ပိုရေးရှင်း(နောင် ပန်တစ်(Pentax))က စတင်ထီထွင်ခဲ့ပါတယ်။
