...................
“အနာထပိဏ်သူဋ္ဌေး.. စူဠသုဘဒ္ဒါသည်ကား ဤသာဝတ္ထိပြည်မှ ခရီးယူဇနာ ၁၂၀ ဝေးကွာသော ဥဂ္ဂမြို.၌နေသည်ကားမှန်၏။ သို.ပင်ဝေးငြားသော်လည်း သူတော်ကောင်းဖြစ်သော ပုဂ္ဂိုလ်တို.သည် ခရီးဝေးကွာသောအရပ်၌ပင်နေကုန်သော်လည်း ငါဘုရားတို.အဖို.ရန် ရှေ.တူရှု၌နေကုန်ကြဘိသကဲ.သို. အမြဲတစေထင်ရှား၍ နေကုန်၏”
“အနာထပိဏ်သူဋ္ဌေး အမြင်.ယူဇနာ ၅၀၀၊ အ၀န်းယူဇနာ ၃၀၀၀ရှိ၍ ရှစ်သောင်းလေးထောင်သော တောင်ထွတ်တို.ဖြင်. ခြံရံအပ်သော ဟိမ၀န္တာတောင်မင်းသည် ဝေးခြားသောအရပ်မှသည်ကြည်.သော်လည်း ထင်ရှားသကဲ.သို. ထို.အတူ ကုသိုလ်ကောင်းမှုအထူးပြုဖူးသော သူတော်ကောင်းတို.သည် ဝေးခြားသောအရပ်၌ပင် တည်နေကုန်သော်လည်း ငါဘုရားတို.၏ ဥာဏ်၀၀ယ်အမြဲတစေ ထင်ရှား၍နေကုန်၏။”
“ဒါယကာ အနာထပိဏ်သူဋ္ဌေး ညဉ်.အခါ၌ ပစ်လွှတ်လိုက်သော မြားတို.သည် မျက်စိ၏အနီးအနားမှပင် သွားသော်လည်း မထင်မမြင်သကဲ.သို. ထို.အတူပင် သူတော်မဟုတ် ယုတ်မာသောသူတို.သည်ကား ငါဘုရားတို.၏ ပုဆစ်ဒူးဝန်း၌ပင် ကပ်၍နေသော်လည်း မထင်ရှားကြကုန်” ။
