-လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို ရာဂသည် ဖျက်ဆီး၏၊ ထို့ကြောင့် ရာဂကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။
- လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို ဒေါသသည် ဖျက်ဆီး၏၊ ထို့ကြောင့် ဒေါသကင်းသောပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။
- လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို မောဟသည် ဖျက်ဆီး၏၊ ထို့ကြောင့် မောဟကင်းေ
သာပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။
- လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို အလိုရမက်သည် ဖျက်ဆီး၏၊ ထို့ကြောင့် အလိုရမက်ကင်းသောပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို တဏှာသည် ဖျက်ဆီး၏၊ ထို့ကြောင့် တဏှာကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။
ဗုဒ္ဓ- ဓမ္မပဒ
