မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

ပြန်လည် ထူထောင်ရေး စခန်း၌ ရက်ပေါင်း ၉ဝ ကြာ နေထိုင် ရမည့် ပြဿနာ မလေး လင်ဆေးလိုဟန်

မကြာ ခဏ ပြဿနာ ရှာတတ်သူ ကမ္ဘာကျော် မင်းသမီးချော  လင်ဆေး လိုဟန်သည် ပြန်လည် ထူထောင်ရေး စခန်းတွင် ရက်ပေါင်း ၉ဝ ကြာ နေထိုင် သွားရမည်ဟု သိရသည်။ ရဲတပ်ဖွဲ့ဝင် တစ်ဦး

အား ကိုယ်ထိ လက်ရောက် ပြုမှု အပါ အဝင်  အမှု သုံးမှုနှင့် ရင်ဆိုင် နေရသူ လင်ဆေးသည် Lock Down ပြန်လည် ထူထောင်ရေး စခန်းတွင် ရက်ပေါင်း ၉ဝ ကြာ သူမ၏ ပြစ်မှု များကို ဆေးကြော ရမည် ဖြစ်ပြီး မည်သည့် အကြောင်း ပြချက် နှင့်မျှ ရက်ပေါင်း ၉ဝ အတွင်း ပြန်လည် ထူထောင်ရေး စခန်းမှ ပြန်လည် ထွက်ခွာ ရနိုင်ဖွယ် မရှိဟု သိရသည်။


ယခု အကြိမ် ပြန်လည် ထူထောင်ရေး စခန်းသို့ ပို့ဆောင် ခံရသည်မှာ လင်ဆေး အတွက်  ခြောက်ကြိမ်မြောက် ဖြစ်ပြီး သူမသည် ကိုကင်း သုံးစွဲမှု အပါအဝင် အခြား အမှု များကြောင့် ပြန်လည် ထူထောင်ရေး စခန်းသို့ ငါးကြိမ် တိုင်တိုင် ရောက်ရှိ ခဲ့ဖူးသူ ဖြစ်သည်။ အသက် ၂၆  နှစ် အရွယ် ရှိပြီ ဖြစ်သည့် လင်ဆေးသည် ရက်ပေါင်း ၉ဝ အတွင်း မည်သည့် အကြောင်း ပြချက် နှင့်မျှ အိမ်ပြန်ခွင့် မရှိသည့် အပြင်  ပြင်ပမှ ဧည့်သည် များနှင့်လည်း  တွေ့ဆုံခွင့် မရှိဟု တရား ရုံးမှ ပြောကြား ခဲ့သည်။

ပြန်လည် ထူထောင်ရေး စခန်း အများစုသည် သီတင်းပတ် တစ်ပတ် နှစ်ပတ် အတွင်း ပြစ်ဒဏ် ဆေးကြော နေသူ၏ နေထိုင်ပုံ ကောင်း၊ မကောင်းကို ကြည့်၍ မိသားစု အပါအဝင် ဧည့်သည် များနှင့် တွေ့ဆုံခွင့်၊ မိသားစု ယူဆောင် လာသော နေ့လယ် စာကို စားသုံးခွင့် စသည့် အထူး အခွင့် အရေး များကို ရရှိမည် ဖြစ်ကြောင်း  သတ်မှတ် ထားသော်လည်း လင်ဆေး အတွက်မူ  အဆိုပါ  အခွင့် အရေး များနှင့်  လုံးဝ ဆုံးရှုံး သွားပြီဟု သိရသည်။