မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅ဝ ဦး စာရင်းတွင် တရုတ် မင်းသမီးချော ကျန်းကျိယီ ပါဝင်

ငယ်စဉ် ကတည်းက အနု ပညာကို ဝါသနာ ပါပြီး အာရှမှာ သာမက ကမ္ဘာ မှာပါ အောင်မြင်မှု များစွာကို သိမ်းပိုက် ထားသည့် တရုတ် မင်းသမီးချော ကျန်းကျိယီသည် Los Angeles Times

မဂ္ဂဇင်းက ရွေးချယ်သော ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅ဝ ဦးစာရင်းတွင် ဖော်ပြ ခံရကြောင်း သိရသည်။

အော်စကာဆုနှင့် Golden Globe ဆုများကို လျာထား ခံရသည့် ကျန်းအား Crouching Tiger, Hidden Dragon ဇာတ်ကားတွင် သရုပ် ဆောင်ပြီး နောက်ပိုင်း အနောက် နိုင်ငံများ၏ အားပေး မှုကိုပါ ရရှိ လာခဲ့သူ ဖြစ်သည်။


Hero ဇာတ်ကားသည် အင်္ဂလိပ် ဘာသာဖြင့် ရိုက်ကူး ပြသသည့် ကျန်း၏ အအောင်မြင်ဆုံး ဇာတ်ကား ဖြစ်သည်။ ကမ္ဘာကျော် အလှကုန်များ ဖြစ်သည့် Maybelline နှင့် Garnier တို့တွင်လည်း ကျန်းသည် ပင်တိုင် မော်ဒယ်လ် တစ်ဦး ဖြစ်လာ ခဲ့သည်။ အိုလံပစ် အားကစား ပွဲတွင် အထူး သံတမန် အဖြစ် ဆောင်ရွက် ခဲ့သူ ဖြစ်ပြီး ကလေး သူငယ် စောင့်ရှောက်ရေး အဖွဲ့ အစည်း တစ်ခုမှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး ဖြစ်သည့် ကျန်းသည် ကိန်းရုပ်ရှင် ပွဲတော်တွင် အဆုံး အဖြတ် ပေးရသည့် အသက် အငယ်ဆုံး အနု ပညာရှင် ဖြစ်ခဲ့သည်။

ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅ဝ ဦးစာရင်း၌ ကျန်းကျိယီ နှင့်အတူ အမေရိကန် သမ္မတ အိုဘားမား ကတော်  မီချဲလ်အိုဘားမား၊ အဆိုတော် ကေတီပယ်ရီ၊ ဘီယွန်းစေး၊ ဆားဘီးယား တင်းနစ် အကျော် အမော် အန်နာ အီဗာနိုဗစ် တို့လည်း ပါဝင်ကြောင်း သိရသည်။