မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 3 April 2013

ဘဲအကြွပ်ကြော်

ဘဲအကြွပ်ကြော်
ပါဝင်ပစ္စည်းများ

ဘဲ - တစ်ကောင်

နာနတ်ပွင့် - နှစ်ပွင့်

ကြက်သွန်မြိတ် - သုံးပင်

ကြက်သွန်နီ - နှစ်လုံး

ကြက်သွန်ဖြူ - တစ်ဥ

ချင်း - သင့်တော်ရုံ

ကော်မှုန့် - သင့်တော်ရုံ

ဆား - သင့်တော်ရုံ

ဟင်းခတ်မှုန့် - သင့်တော်ရုံ

ကြက်ဥ - နှစ်လုံး

ပဲငံပြာရည် (အနောက်) - သင့်တော်ရုံ

ကြက်ရိုးပြုတ်ရည် - သင့်တော်ရုံ

ဆီ - ၃၀ ကျပ်သား

သကြား - အနည်းငယ်

ရှလကာရှည်(ဗနီကာ) - အနည်းငယ်

ငရုတ်ဆီ - အနည်းငယ်

ပြုလုပ်ပုံ အဆင့်ဆင့်

ဘဲတစ်ကောင်ကို ကလီစာထုတ်၍ ရေစင်အောင် ဆေးထားပါ။ ပြီးလျှင် ပဲငံပြာရည် အနောက်ရည်လူး၍ ဒယ်အိုးတွင် ဆီ ၃၀ ကျပ်သားခန့်ထည့်ပြီး ၎င်းဘဲကို ကြော်ပါ။ ရွှေဝါရောင်သန်းလျှင် ဆယ်ယူ၍ နာနတ်ပွင့်၊ ဟင်းခတ်မှုန့်၊ သကြား၊ ချင်း၊ ကြက်သွန်မြိတ် တို့ထည့်ပါ။ ပြီးလျှင် ဆူအောင်တည်ထားသော အရိုးပြုတ်ရည်ထဲသို့ ထည့်၍ နှပ်ထားပါ။

မိနစ် ၄၀ ကြာလျှင် အပျော့အမာစမ်းသပ်၍ ဆယ်ယူပြီး ပန်းကန်ပြားတစ်ချပ်တွင် ထည့်ထားပါ။ ပြီးလျှင် ကျောမှခွဲ၍ အရိုးထုတ်ထားပါ။ ၎င်းအရိုးထုတ်ထားသော ဘဲသားပေါ်မှ ဆား၊ ဟင်းခတ်မှုန့်၊ အရိုးပြုတ်ရည်တို့ကို ရော၍ ဖြန့်လောင်းပေးပါ။ ကြက်ဥနှင့် ကော်မှုန့် တို့ကို သမအောင်မွှေပြီး အထက်ပါ ဘဲသားကို သုတ်လိမ်းပါ။ ၎င်းနောက် ဆီထည့်ထားသော ဒယ်အိုးတွင်ထည့်၍ ရင်ဘတ် ဘက်မှစပြီး ကြော်ပါ။ နှစ်မိနစ်ခန့်ကြာလျှင် ကျောရိုးဘက်သို့ လှည့်ပေးပါ။ အသားကြွပ်အောင်ကြော်ပါ။

၎င်းနောက် ဆယ်ယူ၍ ဆန်ခါစစ်ထားပါ။ ပြီးလျှင် ၎င်းဘဲသားကို ဓားဖြင့် စောင်းလျက် လှီးဖြတ်ပြီး အောက်မှထားသော ပန်းကန်ပြားတွင် ပုံစံကျစွာထည့်ပါ။ ၎င်းဘဲကြွပ်ကြော်နှင့် တွဲ၍ စားသုံးနိုင်ပါသည်။ ဝိုင်အရက် ကြိုက်နှစ်သက်သော အရက်တစ်မျိုးဖြင့် သုံးဆောင် နိုင်ပါသည်။