မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 3 April 2013

ဘီယာနဲ. မြည်းမြည်း အရက်နဲ. မြည်းမြည်း အဆင်ပြေတယ်.......သူငယ်ချင်းများအတွက်.

ဘီယာနဲ. မြည်းမြည်း အရက်နဲ. မြည်းမြည်း အဆင်ပြေတယ်.......သူငယ်ချင်းများအတွက်.. ပါဝင်တဲ့ပစ္စည်းများ


ကြက်သား၊

ငံပြာရည်၊

သံပရာသီး၊

သကြား၊

ငရုတ်သီးအကျက်မှုန့်၊

ရှမ်းနံနံ၊

ကြက်သွန်နီ၊

ဆန်လှော်မှုန့်၊

ပူစီနံ၊

ဂေါ်ဖီ၊

ကန်ဇွန်းရိုးအနီ၊

ပဲတောင့်ရှည်။

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သားကိုစဉ်းပြီး ရေအနည်းငယ်နဲ့ ပြုတ်ပါ။ ပြုတ်တဲ့အခါမှာ သကြား၊ ငံပြာရည်၊ သံပရာရည်နဲ့ ငရုတ်သီးအကျက် မှုန့် အနည်းငယ် စီထည့်ပါ။

ကြက်သားကျက်ပြီ ဆိုရင် ပန်းကန်တစ်ချပ်ထဲမှာ ပါးပါးလှီးထားတဲ့ ရှမ်းနံနံနဲ့ ကြက်သွန်နီတို့နဲ့ ရောထည့်ပါ။

ဆန်လှော်မှုန့် အနည်းငယ် ထည့်ပြီး အားလုံးကို ရောနယ်သုပ်လိုက်ရင် အရသာရှိလှတဲ့ ချဉ်၊ ငန်၊ စပ် ကြက်စဉ်းကောသုပ်ရပါပြီ။

ပူစီနံ၊ ဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ကန်စွန်းရိုး အနီတို့နဲ့ လိုက်ဖက်တာကြောင့် တွဲဖက်စားသုံးနိုင်ပါတယ်။