မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday 24 April 2013

ရှက်လို့ရေးတဲ့ကဗျာ


လျှောက်ရင်တော့ ...
ရောက်ရမှာပေါ့
တစ်နေ့ တစ်မိုင် ...
လိုင်ဇာ ဘယ်ပြေးမလဲ၊

သူတို့မှာ ...
မိသားစု ထမင်းဝိုင်းတွေ ရှိတယ်
စွန့်ခဲ့ရ ...

သူတို့မှာ ...
အိပ်ရေး၀၀ အိပ်ချင်တဲ့ မျက်လုံးတွေ ရှိတယ်
စွန့်ခဲ့ရ ...

သူတို့မှာ ...
ကတ္တီပါဖိနပ်စီး အရိပ်ကြီးကြီး ခိုချင်တဲ့စိတ် ရှိတယ်
ထားခဲ့ရ ...

အိပ်ရာလေးတွေ ကိုယ်စီ
နူးညံ့စွာထွေးမယ့် ခေါင်းအုံးလေးတွေ ရှိတယ်
           ...  ၊



မင်းတို့လို
ငါတို့လို
လူလိုသူလို နေချင်တဲ့စိတ် တပွေ့တပိုက်နဲ့ပေါ့
ဒါပေမယ့် .... သူတို့က လမ်းပေါ်ထွက်ခဲ့တယ်
နေ ပူပူ
ခြေ ပူပူ
ရင် ပူနေကြတဲ့ အိမ်ကအမေတွေ
ငြိမ်းမှ ငြိမ်းချမ်းကြရဲ့လား
ဂရုမပြုအား ....
အများသူငါ ငြိမ်းချမ်းစေဖို့
သူတို့ ...
လျှောက်ခဲ့ကြပြီ
လျှောက်ရဲရင်တော့ ရောက်ရမှာပေါ့
မျှော်လင့်တဲ့ ငြိမ်းချမ်းမှုတွေဆီ ..... ၊

တွေ့ခဲ့ ... တွေ့နေရဆဲ
မြင်ခဲ့ .... မြင်နေရဆဲ
ကြားခဲ့ ... ကြားနေရဆဲ
ကီးဘုတ်(Keyboard) အသည်းကွဲ
ငြိမ်းချမ်းရေး စာရိုက်သမားတွေ (ဘယ်လောက် ... )
အသံပြာအောင် .... '' မှန်ချို '' ဗူး ဆောင်ပြီး
အော်တတ်တဲ့ ငြိမ်းချမ်းရေးသမားတွေ (ဘယ်လောက် ... )
မြန်မာပြည်မှာ လူဦးရေ ဘယ်လောက် ...
ငြိမ်းချမ်းရေးအတွက် လိုင်ဇာကို လမ်းလျှောက်သူ ဘယ်လောက် ... ၊

ကျွန်တော် တကယ် မသိပါ
ပြောခဲ့ဆိုခဲ့ဖူးတဲ့အတိုင်း
ကိုယ့်အမြှီး ကိုယ်မျိုလို့
ခွေခွေလေး တွင်းအောင်းပြီး
လောကကြီးကို ခြောင်းကြည့်နေတဲ့
ခပ်ညံ့ညံ့ ရေမြွေပါ
ခြေထောက်မပါတဲ့ မြွေ
ငြိမ်းချမ်းရေးဆီ လမ်းမလျှောက်နိုင်ဘူး
လေးစားအားကျရုံကလွဲပြီး
မြွေက ... မြွေလိုပဲ
ခွေခွေလေး ရှက်မိတာပါ။