မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday 24 April 2013

မြေကမ္ဘာကို သက်သေပြု၍




အမုန်းတရားဟာ ၀တ်ဖြူစင်ကြယ်လို ဟန်ဆောင်

ကျည်ဆန် မောင်းတင်ထားတဲ့ သေနတ်ပြောင်းဝမှာ

သေမင်းတစ်ကောင်….

မျက်ရည်၊ မိဘမဲ့ ကလေးတွေ၊ မီးခိုးငွေ့တွေ ဝေစေတဲ့

သူတို့ လက်ညိုးတွေ

ဒဏ်ရာဟာ နက်သထက် နက်လာ


ဆူးဟာ ပိုဆူးလို့ ကမ္ဘာကိုတောင် တုန်ခါသွားတယ်

စစ် ဆိုတဲ့ ဘီလူးကတဲ့ ဇာတ်ပွဲမှာ

ယဇ်ပူဇော်ခံရမယ့် သားကောင်တွေဟာ

စာသင်ကျောင်းတွေ၊ ရောဂါသည်တွေနဲ့ အိမ်မက်ဆိုးတွေ

အတိတ်ဆိုးတွေ

တချို့တလေ များ ယောင်လို့တောင် အော်ဟစ်ကြ

တချှို တလေ တော့ မျက်ရည်စက်လက်နဲ့

စစ်ဘေးဒုက္ခသည်တွေက

ရင်ထဲက အပူမီးကို မျိုသိပ်ဖို့

သူတို့ရဲ့ လက်ဟာ မြေ၀သုန်ကို ကိုင်ဆုတ်ပြီး

ကမ္ဘာမြေကြီးကို တောင်းဆုသံပေးတယ်……….

“ငြိမ်းချမ်းပါစေ မြန်မာပြည်”