မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

နိုင်ငံ၏ လွှမ်းမိုးမှု အရှိဆုံး ပေါ့ပ်အဆိုရှင် အဖြစ်သို့ ရီဟန်းနား ရောက်ရှိ

ရီဟန်းနားသည် ကေတီပယ်ရီနှင့် ဘီယွန်းဆေး တို့အား ကျော်ဖြတ်၍ နိုင်ငံ၏ လွှမ်းမိုးမှု အရှိဆုံး ပေါ့ပ်အဆိုရှင် အဖြစ် ရောက်ရှိ တက်လှမ်း နိုင်ခဲ့သည်ဟု သိရသည်။

The Umbrella တေးသီချင်းဖြင့် ကမ္ဘာ ကျော်လာခဲ့သည့် ရီဟန်းနားသည် စာနယ်ဇင်း များ၌ မျက်နှာဖုံးရှင် တစ်ဦး အဖြစ် သရုပ်ဆောင်လျက် ရှိသည့် အပြင် 4 Music မှ ပြုလုပ်သော ထိပ်တန်း စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။

ထိပ်တန်း စာရင်းတွင် Crazy In Love သီချင်းဖြင့် ကျော်ကြားခဲ့သူ ဘီယွန်းဆေးက ဒုတိယနေရာ၊ အမျိုးသား အဆိုတော် အဖွဲ့ဖြစ်သော One direction အဖွဲ့က တတိယနေရာ၊ ပယ်ရီက နံပါတ်လေး နေရာတို့တွင် အသီးသီး ရပ်တည်ခဲ့ကြပြီး ဂျက်စတင်ဘီဘာသည် နံပါတ်ငါး နေရာသို့ ရောက်ရှိ သွားသည်ဟု သိရသည်။