ရုပ်ရှင် သမီးချော ဂျနီဖာ အင်နစ္စတန်ကို လွန်ခဲ့သည့် လများ အတွင်းက ရုပ်ရှင် ပိတ်ကားများ ပေါ်တွင် တွေ့မြင် ခဲ့ရခြင်း မရှိသော်လည်း ထပ်မံ ထွက်ရှိမည့် The Switch ဇာတ်ကားတွင် သူမအား ဝမ်းနည်း ကြေကွဲဖွယ်
ဇာတ်ရုပ်ဖြင့် တွေ့မြင် ရမည်ဖြစ်ကြောင်း သိရသည်။ အဲလ်မိုးလီ အိုနက်ဒ်၏ ဝတ္ထုရှည်ကို အခြေခံ ရိုက်ကူးထားသော The Switch ဇာတ်ကားတွင် အသက် ၄၄ နှစ် အရွယ်ရှိ ဂျနီဖာ အင်နစ္စတန်သည် အနိုင်ကျင့် ခံရသော အိမ်ရှင်မ တစ်ဦးအဖြစ် သရုပ်ဆောင် ထားပြီး ယင်း ဇာတ်ကား၌ အင်နစ္စတန်၏ သရုပ်ဆောင်မှုသည် ၎င်း သရုပ်ဆောင် ခဲ့သမျှတွင် အကောင်း ဆုံး ဖြစ်ကြောင်း ယင်းဇာတ် ကားကို ရိုက်ကူးသည့် ဒါရိုက်တာ ဒန်းနီယယ် ရှက်ခ်ျတာက The Hollywood Reporter သို့ ပြောကြားခဲ့သည်။ သူမ၏ ပြောင်မြောက်လှသော သရုပ်ဆောင် မှုများေ ကြာင့် ယင်းဇာတ်ကားကို ကြည့်နေစဉ် မိမိ ငိုခဲ့ ရ ကြောင်းနှင့် ပရိသတ်များ အနေဖြင့် ယင်းဇာတ်ကားကို မကြာမီ ကြည့်ရှု ရတော့မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
