မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 10 April 2013

နှစ်သက်မိသော ပုံပြင်လေး

တစ်ခါတုန်းက လူတစ်ယောက်ဟာ လက်ထပ်ပြီးစ သူ့ဇနီးနဲ့အတူ နေအိမ်ကို ပြန်လာခဲ့တယ် ။ သူတို့ဟာ အိမ်ကိုရောက်ဖို့အတွက် ကန်ကြီးတစ်ကန်ကို ဖြတ်ရတယ် ။ အဲဒီကန်ကြီးကို လှေတစ်စင်းနဲ့အတူ သူတို့ ဇနီးမောင်နှံ ဖြတ်ခဲ့ကြတယ် ။ ဒါပေမယ့် ရုတ်တရက် လေမုန်တိုင်းတွေ တိုက်လို့ ကန်ထဲမှာ လှိုင်းကြီးလေကြီးဖြစ်လာခဲ့တယ် ။ အမျိုးသားဖြစ်သူက စိုးရိမ်ပူပန်တတ်သူဖြစ်ပြီး အမျိုးသမီးကတော့ အရမ်းကို ထိတ်လန့်ကြောက်ရွံ့နေခဲ့တယ် ။ သူတို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးပေါ့ ။

လှေကလေးက သေးငယ်ပြီး လေမုန်တိုင်းကြောင့်ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးတွေကပိုပြီးကြီးမားပါတယ် ။ အချိန်မရွေး လင်မယားနှစ်ယောက်စလုံး နစ်မြုပ်သွားနိုင်တယ်မဟုတ်လား ။ ဒါပေမယ့် အမျိုးသားဖြစ်သူက တိတ်ဆိတ်စွာနဲ့ ၀မ်းနည်းနေတယ် ။ ငြိမ်သက်လို့ ငူငူငိုင်ငိုင်ဖြစ်နေခဲ့တယ် ။ ဘာမှမဖြစ်တော့သလိုပေါ့ ။

အမျိုးသမီးဖြစ်သူကတော့ တစ်ကိုယ်လုံးကြောက်လန့်မှုနဲ့ တုန်ခါနေခဲ့ပြီး အမျိုးသားဖြစ်သူကိုမေးတယ် ။ “ ရှင်မကြောက်ဘူးလား ”


ဒါငါတို့ဘ၀ရဲ့ နောက်ဆုံးအချိန်နဲ့တူတယ် ဟိုဖက်ကမ်းစပ် ကို ဘယ်လိုနည်းနဲ့မှပြန်မရောက်နိုင်တော့ဘူး အချို့သော အံ့သြဖွယ်ရာ အဖြစ်အပျက်တွေကသာ ငါတို့ကို ကယ်ဆယ်နိုင်လိမ့်မယ် ဒါမှမဟုတ်ရင်ငါတို့သေမှာကျိန်းသေပဲ

“ ရှင်မကြောက်ဘူးလား ရှင်ရူးသွားတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား ရှင်က ကျောက်တုံးတစ်တုံးလား တစ်ခုခုပဲ ”

အမျိုးသားဖြစ်သူကရယ်မောလိုက်တယ် ပြီးတော့ ဓါးရှည်ကို ဓါးအိမ်ထဲကနေ ဆွဲထုတ်လိုက်တယ် ။ အမျိုးသမီးဖြစ်သူကပိုပြီးတော့ စိတ်ဝင်စားသွားတယ် ။ သူ ဘာလုပ်ဖို့လဲ ??

ပြီးတော့ သူက အဲဒီဓါးရှည်ကို အမျိုးသမီးရဲ့လည်ပင်းနားကို နီးကပ်စွာထိလိုက်တယ် ။ ပြီးတော့ ထိလုထိခင်လေးအထိ ဓါးကို ထားလိုက်ပြီးနောက်ဆုံးဓါးကို လည်ပင်းနဲ့ထိအောင် ထားလိုက်တယ် ။ ပြီးတော့မေးတယ် “ မင်းကြောက်နေလား ”

အမျိုးသမီးဖြစ်သူကရယ်မောလိုက်ပြီး ပြောတယ် ။ “ ကျွန်မက ရှင့်ကိုဘာလို့ကြောက်ရမှာလဲ ဓါးက ရှင့်လက်ထဲမှာပဲ ကျွန်မ ဘာလို့ ကြောက်ရမှာတုန်း ရှင်ကျွန်မကို ချစ်တာ သိနေတာပဲ ”

အမျိုးသားက ဓါးကို ဓါးအိမ်ထဲပြန်ထည့်လိုက်တယ် ။ “ အဲဒါ ငါ့အဖြေပဲ ” လို့ ပြောလိုက်တယ် ။

“ ငါ့ကို ဘုရားသခင်ကချစ်တယ်ဆိုတာငါသိတယ် မုန်တိုင်းက သူ့လက်ထဲမှာပဲ ငါလည်းဘာကြောင့်ကြောက်နေရမှာလဲ ”

-------------------------------------------

ဘာတွေပဲ မုန်တိုင်းထန်လို့ ဘယ်လောက်ပဲ ဆိုးရွားမှုတွေကြုံတွေ့နေရပါစေ ကောင်းတာတွေဖြစ်လာဖို့ ဆိုတဲ့ အတွေးကို တွေးပါ ။

အကယ်၍ ကျွန်တော်တို့ အခြေအနေဆိုးတွေက လွတ်မြောက်ခဲ့သည်ဖြစ်စေ မလွတ်မြောက်ခဲ့သည်ဖြစ်စေ ကျွန်တော်တို့ကောင်းဖို့ဆိုတာကို တွေးကြည့်ပါ ။
ဘာကြောင့်လည်းဆိုတော့ အရာရာဟာ ဘုရားသခင် ရဲ့လက်ထဲမှာ ရှိနေပြီး ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်တော့မှ မှားယွင်းမှုတွေကို မဖန်တီးဘူး ။ ကျွန်တော်တို့ကသာ လမ်းမှားတွေကို လျှောက်ခဲ့ကြတာဖြစ်တယ် ။

ဒီပုံပြင်လေးရဲ့ သော့ချက်ကတော့ “ လူတစ်ယောက်အတွက် ဘ၀မှာ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ - ယုံကြည်မှု - ကို ဖော်ညွှန်းသွားခြင်းဖြစ်တယ် ။ ယုံကြည်မှု ဟာ သင့်ရဲ့ဘ၀တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တယ် ။