Wednesday, 24 April 2013
ရင်ဘက်ထဲက မသိခြင်းများ
မတွေ့တာကြာပြီ အိမ်မက်လေးရေ
နာနာကျင်ကျင်မဟုက်ပေမဲ့ ငါမခံစားနိုင်ဘူး
သတင်းတွေ ရှုရှိုက်နေရတာကိုလေ...
ငါဟာ လုံးချေခံ စက္ကူစုတ်လား
စကားတွေ ကျယ်လောင်မှန်းသိပေမဲ့
ကမ်းမမြင် လမ်းမမြင် လေထဲ...
မဟုက်ပါစေနဲ့ ဆုတောင်းရအောင်လည်း
ဆုပ်ထားတဲ့ လက်ခုပ်ကိုဖွင့်ကြည့်ရင်
ဇာတ်လမ်းဟာ နောက်ခံ မရှိဘူး။
တစ်နေ့တစ်နေ့ အကျွမ်းခံ နှလုံးသားတမ်းချင်းတွေ
သေလောက်အောင် စရိုက်ကျတယ်။
ရုပ်ပေါက်အောင် ခံစားရရင်တောင်
ငါခွက်တော့ ရိုက်မခွဲဘူး
လမ်းဘေးမှာ ငါ …..
အလွမ်းဆိုတာကြီးကို မေ့ဖို့တော့
တိတ်တဆိတ်ကြေကွဲဖို့
ဘာလိုလိုနဲ့ အထာကျနေပြီ
တော်လောက်ပါပြီဟာ…
တကယ့်ကို ဒီလောက်နဲ့ တော်ဖို့ လုံလောက်နေပြီ။
ဘုန်းလေထက်လွင့်
Labels:
ကဗျာ
