ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း တို့သည် မေလနှောင်းပိုင်းတွင် ထိပ်သီး ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်သွားရန် ကြိုတင် ပြင်ဆင်လျက် ရှိကြောင်း၊ နှစ်နိုင်ငံစလုံး အနေဖြင့် အဆိုပါ ဆွေးနွေးပွဲ များအား နှစ်စဉ် ကျင်းပလျက် ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း သည် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလတွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ခရီး သွားရောက်ရန် စီစဉ်ထား ခဲ့သော်လည်း အထွေထွေ ရွေးကောက်ပွဲ အတွက် ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အား ဖျက်သိမ်း ခဲ့သည့်အချိန်နှင့် တိုက်ဆိုင်ခဲ့သည့် အတွက် ၎င်း ၏ခရီးစဉ်အား ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် အိန္ဒိယ ရေတပ်နှင့် ဂျပန်ရေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တို့၏ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများ အပါအဝင် လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်ရေး နည်းလမ်း များအား ဆွေးနွေး လိမ့်မည် ဖြစ်ကြောင်း ဂျပန် သံတမန်များက ပြောကြား ခဲ့ပါသည်။ ဂျပန်နှင့် အိန္ဒိယ နိုင်ငံတို့မှ အရာရှိများသည် တရုတ်နိုင်ငံ၏ ရေတပ် စစ်ရေးအင်အား ကြီးထွားလာသည့် အတွက် စိုးရိမ် ပူပန်ဖွယ်ရာ ကိစ္စရပ်များအား အမြင်ချင်း ဖလှယ်ကြလိမ့်မည် ဖြစ်ကြောင်း သိရှိ ရပါသည်။
