မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 6 April 2013

ဒုတိယ ကမ္ဘာစစ်အတွင်း ပျောက်ဆုံးခဲ့သည့် အမေရိကန်လူမျိုးများ ပြန်လည်ရှာဖွေမှုကို ထပ်မံလာရောက်ကာ ရှာဖွေသွားမည်

ဒုတိယ ကမ္ဘာစစ်အတွင်း ပျောက်ဆုံးခဲ့သည့် အမေရိကန်လူမျိုးများ ပြန်လည်ရှာဖွေမှုကို ထပ်မံလာရောက်ကာ ရှာဖွေသွားမည်

အမေရိကန် နိုင်ငံမှ အမေရိကန် လူမျိုး ခန့်မှန်းခြေ ၇၃၀ ခန့်ဟာ ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံ အတွင်းမှာ ပျောက်ဆုံးခဲ့ တယ်လို့ သိရပါတယ်။ အဲ့ဒီလို
ပျောက်ဆုံးခဲ့တဲ့ အမေရိကန် နိုင်ငံသားတွေ ကိုတော့ အမေရိကန် ပစိဖိတ် စစ်ဌာနချုပ် အောက်ရဲ့ တိုက်ရိုက် ကွပ်ကဲမှု အောက်မှာရှိတဲ့ JAPAC အဖွဲ့မှ စစ်ကျန် ရှာဖွေရေး လုပ်ငန်းများနဲ့ စုံစမ်းရေး လုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၁၅ ရက်ထိ စုံစမ်း စစ်ဆေးခဲ့ပြီး ထပ်မံရှာဖွေမှု တွေကိုတော့ နောက်ပိုင်းမှာ ထပ်မံ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ အဖွဲ့ဟာ ရှာဖွေရေး လုပ်ငန်းများကို လွန်ခဲ့သော ရှစ်နှစ်ခန့်က မြန်မာနိုင်ငံမှာ ဆောင်ရွက်ခဲ့ ဖူးတာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံမှာ စစ်ကြွင်းကျန် ပစ္စည်းများနဲ့ ယခင် ပဋိပက္ခများမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်များကို ကမ္ဘာတစ်ဝန်း လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ရှာဖွေရေး၊ ပြန်လည် သယ်ယူရေးနဲ့ မည်သူမည်ဝါ ဖြစ်ကြောင်း ဓာတ်ခွဲ ရှာဖွေဖေါ်ထုတ်ရေး တို့အတွက် ဆောင်ရွက်လျက် ရှိတယ်လို့ အမေရိကန် သံရုံးမှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။

ဒါ့အပြင် လွန်ခဲ့သော အပတ်က အဖွဲ့ဝင် ၉ ယောက် ပါဝင်တဲ့ JAPAC အဖွဲ့ဟာ တောင်ငူ၊ ရန်ကုန်၊ မန္တလေးမြို့တို့မှာ စုံစမ်း စစ်ဆေးရေးများ ပြုလုပ်ခဲ့ပြီး ယခုအခါ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုနှစ်ကုန်ပိုင်းမှာ စုံစမ်းရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် လိုအပ်တဲ့ လုပ်ငန်းပိုင်း ဆိုင်ရာ၊ ထောက်ပံ့ရေး ဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ၊ ဆက်သွယ်ရေးနဲ့ ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ဖို့ အစိုးရ အရာရှိများ အမေရိကန် သံရုံးဝန်ထမ်း များနဲ့အတူ JAPAC အဖွဲ့ဟာ ဆောင်ရွက် ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ JAPAC လုပ်ငန်း ဆောင်ရွက်မယ့် အစီအစဉ် များကို အပြီးသတ်ဖို့ အတွက် ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV 4