ဖုန်းဖြင့် သွေးခုန်နှုန်းကို ရယူနိုင်မည့် ဆော့(ဖ်)၀ဲ Fujitsu မှ တီထွင်...
**********************************************
လူတို့၏ မျက်နှာကို ကြည့်ရှုခြင်းအားဖြင့် ၎င်းင်းတို့၏ သွေးခုန်နှုန်းကို
ရယူနိုင်သော ဆော့(ဖ်)၀ဲကို င်္ Fujitsu ကုမ္ပဏီမှ မိတ်ဆက်ပြသခဲ့ကြောင်း
သိရသည်။၎င်းဂျပန်နည်းပညာကုမ္ပဏီသည် တစ်နှစ်အတွင်း ဆော့(ဖ်)၀ဲကို
လက်တွေ့အသုံးပြုနိုင်ရန် အစီအစဉ်ရေးဆွဲထားပြီး လူထုကို အလုပ်(သို့)
အိမ်တွင် အထူးကိရိယာများတပ်ဆင်ခြင်း မပြုဘဲ ၎င်းတို့၏ ကျန်းမာရေးကို
စိစစ်လေ့လာသိရှိနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထိုဆော့(ဖ်) Smart Phone နှင့် Tablet ကွန်ပျူတာကဲ့သို့သော ကင်မရာပါရှိသည့်
မည်သည့် ပစ္စည်းတွင်မဆို အသုံးပြုနိုင်ပြီး သွေးစီးဆင်း လည်ပတ်မှု
ကြောင့် ဖြစ်ပေါ်လာသော လူ၏ မျက်နှာ တောက်ပမှုအပြောင်းအလဲများကို
တိုင်းတာခြင်းအားဖြင့် အလုပ် လုပ်ကြောင်းသိရသည်။
၎င်းဆော့(ဖ်)၀ဲသည်
ဦးခေါင်းလှုပ်ရှားမှုများနှင့် ရုတ်တရက်မတ်တပ်ရပ်ခြင်းမှ ဖြစ်ပေါ်လာသော
သက်ရောက်မှုများကို အလိုအလျောက် ဖယ်ရှားပေးပြီး သွေးခုန်နှုန်းကို
ရယူရန် အချိန်ငါးစက္ကန့်မျှသာ ကြာမြင့်မည် ဖြစ်သည်။
