(ထိုင်းရိုးရာ ဟင်းလျာတွေထဲမှာ လူသိများလှတဲ့ ချဉ်စပ်တုံယမ်း
ဟင်းရည်တစ်ခွက်)
စားသုံးနိုင်သော ဦးရေ (၄) ယောက်
ပါဝင်သော ပစ္စည်းများ
၁။ ကြက်ပြုတ်ရည် - လေးခွက်
၂။ ပတဲကော - နှစ်လက်မခန့် (ပါးပါးလှီးထားပါရန်)
၃။ ရှောက်ရွက် - သုံးရွက်
၎။ စပါးလင် - သုံးချောင်း
၅။ ပုစွန်(အလတ်စား) - ရှစ်ကောင်
၆။ ကောက်ရိုးမှို - ငါးအောင်စ
၇။ ငရုပ်သီးစိမ်း - ငါးတောင့်
၈။ ရှောက်ရည် - စားပွဲဇွန်း သုံးဇွန်း
၉။ ငံပြာရည် - စားပွဲဇွန်း (၁/၂)ဇွန်း
၁၀။ နံနံပင် - သုံးပင်
ချက်ပြုတ်နည်း
ကြက်ပြုတ်ရည်ကို ဆူအောင်ထည့်ပြီး ပတဲကော၊ ရှောက်ရွက်၊ စပါးလင်တို့ကို ထည့်ကယ (၁၅) မိနစ်ခန့် ဆူပွက်ပါစေ။
ထို့နောက် ပုစွန်၊ မှိုနှင့် ငရုတ်သီး တို့ကို ထည့်ပြီး သုံးမိနစ်ခန့် တည်ထားပါ။ ထို့နောက် ရှောက်ရည်နှင့် ငံပြာရည်(အငန်စူးသော ငံပြာရည်) တို့ကို အရသာပေါ်လာစေရန် ထည့်ပါ။ ထိုအခါ ချဉ်စပ်၍ အရသာရှိသော ဟင်းရည်ကို ရရှိပါမည်။
ဟင်းရည်ထဲသို့ နံနံပင်ကလေးများ အုပ်ပြီးလျှင် အရသာရှိသော ပုစွန်ချဉ်စပ် တုံဟမ်းဟင်းရည် တစ်ခွက်ကို သုံးဆောင်နိုင်မည် ဖြစ်ပါသည်။
မှတ်ချက်။ ။ ပုစွန်များ မာမသွားစေရန် လိုအပ်သော အချိန်ထက် ပို၍ မချက်မိစေရန် သတိပြုပါ။ ပုစွန်အစား အခြားပင်လယ်စာများကိုလည်း အစားထိုး၍ ချက်ပြုတ်နိုင်ပါသည်။
