ကဏန်းမဆလာဟင်း
ပါဝင်ပစ္စည်းများ
ကဏန်း၊ ကြက်ဥ၊ တရုတ်နံနံ၊
ယိုးဒယားမဆလာ၊
ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊
ခရုဆီ၊ ငရုတ်ဆီ၊ ငရုတ်သီးနီအရှည်တောင့်၊
နို့စိမ်း၊ သကြား၊ ကြက်သားမှုန့်။
ကဏန်းကို သန့်စင်ပါ။ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီနဲ့ ငရုတ်သီးနီ အတောင့်ရှည်တွေ ရေဆေးပြီး အရွယ်တော် လှီးထားပါ။ ကဏန်းကို ဆီပူပူထဲမှာ အနည်းငယ် တင်းရုံကြော်ပြီး ဆယ်ထားပါ။
ကြက်ဥ၊ ယိုးဒယားမဆလာ၊ ခရုဆီ၊ ငရုတ်ဆီ၊ ကြက်သားမှုန့်၊ သကြားနဲ့ နို့စိမ်းကို ပန်းကန် တစ်ခုထဲ ထည့်ပြီးမွှေပါ။ ကြက်သွန်နီကို ဆီသတ်ပြီး ကြော် ထားတဲ့ ကဏန်းကို ထည့်ပါ။ ပြီးရင် ကြက်ဥနဲ့ ရောမွှေထားတဲ့ အရည်ပျစ်ပျစ်တွေကို အချိုအငန် အရသာစပ်ပြီး ထည့်လိုက်ပါ။
ကြက်သွန်မြိတ်၊ တရုတ်နံနံနဲ့ ငရုတ်သီး နီတောင့်ကို နောက်ဆုံးမှ ထည့်ပြီး နှစ်မိနစ် လောက်နေရင် အိုးပေါ်က ချလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကဏန်းမဆလာ ဟင်းတစ်ခွက်ရပါပြီ။
