မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Thursday, 18 April 2013

တော်ဝင် ပန်း

သူလျှင်မရှိ၊ လွမ်းသတိနှင့်၊
သူရှိပါက ရှိလျှက်တ- သည်၊
ငွေလမျက်နှာ ပွင့်ပါ၏ ။

သူမပွင့်ခင်၊ စိတ်ကူးယဉ်ရ၊
သူလျှင်ပွင့်က တော်ဝင်စွဟု၊
ဆံစဦးမျှင်၊ ထိပ်မှာဆင်သည်
သဇင်မျက်နှာ ကြီးပါဘိ ။

လတွင်အလင်း၊ ဇင်မင်းရနံ့၊
ကိန်းပျံ့နှံ့တည် ပိုင်ဆိုင်သည်ကြောင့်၊
လူပြည်ဌာန၊ လူ့စိတ္တတွင်
ထာဝရနေရာ ယူထားသည်။
မြိုင်တက္ကသိုလ်၊ ဝင်နားခိုသည့်၊
ရွယ်ပျိုနုမျစ် တပည့်ချစ်၊

လူဖြစ်လေရ၊ ဒုလ္လဘ၌
ဖြည့်ကြရောင်ဝါ၊ လထက်သာသည်၊
ပညာအလင်း ကိုယ်မှာဝင်းစေ၊
ဇင်မင်းဆယ်ဆ၊ မျှမကသည့်
စာဂအကျင့်၊ မွှေးသဖြင့်လျှင်၊
အခွင့်ထိုက်တန် နေရာမှန်၌
သက်ပန်ရာပြည့် တည်စေသတည်း။ ။

တက္ကသိုလ် ဘုန်းနိုင်