မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 10 April 2013

နှစ်သက်မိခဲ့သော ပုံပြင်တိုလေးများ

တစ်ညမှာ အမျိုးသမီးတစ်ယောက်က လေယဉ်စီးဖို့ လေဆိပ်မှာ စောင့်နေခဲ့တယ် ။ သူမ စီးရမယ့် လေယဉ် မပျံသန်းခင် နာရီပေါင်းများစွာ စောင့်နေခဲ့ရတယ် ။ ဒါနဲ့သူမဟာ လေဆိပ်မှာရှိတဲ့စတိုင်းဆိုင်ကနေ ဖတ်ချင်တဲ့စာအုပ်တစ်အုပ်ကို ၀ယ်ပြီး ကွတ်ကီးမုန့်တွေ ထည့်ထားတဲ့ အိတ်ကို သယ်လို့ ထိုင်ခုံတစ်ခုမှာ ထိုင်ချလိုက်တယ် ။

သူမဟာ စာအုပ်ကို စစဖတ်ခြင်းပဲ အရမ်းကို စိတ်ဝင်စားသွားပြီး စာအုပ်ထဲ နစ်မျောသွားခဲ့ရတယ် ။ ဒါပေမယ့် ဘာတွေဖြစ်နေသလဲဆိုတာတော့ သူမ သတိထားမိလိုက်တယ် ။ အဲဒါကတော့ သူမဘေးခုံမှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦးက အရှက်မရှိစွာ နဲ့ သူမနဲ့သူ့ကြားထဲက ကွတ်ကီးထုပ်ထဲကနေ ကွတ်ကီးတွေနှိုက်စားနေတာတွေ့လိုက်ရတယ် ။ ဒါပေမယ့်လည်း မြင်ကွင်းကို လစ်လျှူရှုဖို့ သူမကြိုးစားခဲ့တယ် ။


ဒါကြောင့် သူမလည်း ကွတ်ကီးတွေကို အိတ်ထဲက ယူလိုက်စားလိုက် နာရီကိုကြည့်လိုက် စာဖတ်လိုက်လုပ်နေခဲ့တယ် ။ ကွတ်ကီးသူခိုးက လည်းနှိုက်စားနေတဲ့အတွက် ကွတ်ကီးထုတ်က တဖြည်းဖြည်းနည်းလာခဲ့တယ် ။ သူမ ပိုပြီး စိတ်တိုဒေါသထွက်လာခဲ့ပြီး စဉ်းစားလိုက်တယ် ။ “ အင်း ငါသာ သည်းမခံလိုက်ရင်တော့ ဒီလူ့မျက်လုံးတွေကို ထိုးဖောက်မိမှာပဲ ”

ဒီလိုနဲ့သူမကွတ်ကီးတစ်ခုယူစားရင် သူလည်းကွတ်ကီးတစ်ခုယူစားခဲ့တယ် ။ သူမလည်းရုတ်တရက် သူ့လက်ထဲက ကွတ်ကီးကို လုယူလိုက်လိုက် ။ အမျိုးသားက အရမ်းကို အံ့သြသွားပြီး စိတ်လှုပ်ရှားသွားတယ် ။ အမျိုးသမီးက “ ဟင် သူဘာကြောင့်ဒီလောက်နေနိုင်တာလဲ ငါ့ကိုတောင်းပန်ဖို့တော့ကောင်းတာပေါ့ ” လို့တွေးမိလိုက်တယ် ။

သူမ သည်းခံနိုင်မှုကုန်ဆုံးပြီးတစ်ခုခု တုန့်ပြန်ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ သူမစီးရမယ့်လေယဉ် ခရီးစဉ်ကိုကြေငြာလိုက်တဲ့အတွက် ဖတ်လက်စ စာအုပ်ကို ခရီးဆောင်အိတ်ထဲ ထိုးထည့်လို့ သူမ သက်ပြင်းချလိုက်ပြီးထထွက်လာခဲ့တယ် ။ သူမပိုင်ဆိုင်တဲ့အိတ်တွေ ကိုသယ်လို့ ဂိတ်ပေါက်ဝဆီလျှောက်လာခဲ့ပြီး ကွတ်ကီးသူခိုးရှိရာကို လှည့်မကြည့်တော့ပဲ ရှေ့ပဲ ခရီးဆက်ခဲ့တယ် ။

သူမ လေယဉ်ပေါ်ရောက်ခဲ့ပါပြီ ။ ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပြီး စာအုပ်ကို ဆက်ဖတ်ဖို့ ခရီးဆောင်အိတ်ထဲက စာအုပ်နှိုက်ယူလိုက်တဲ့အခါ သူမ အရမ်းကိုအံ့အားသင့်သွားခဲ့ရတယ် ။ ဘာကြောင့်လည်းဆိုတော့ သူမ၀ယ်ခဲ့တဲ့ကွတ်ကီးအိတ်ကို ခရီးဆောင်အိတ်ထဲ တွေ့လိုက်ရလို့ပါပဲ ။

----------------------------------------------------------

ဟုတ်ပါတယ် အမျိုးသမီးဟာ ကွတ်ကီးကို ၀ယ်ပြီး ခရီးဆောင်အိတ်ထဲ ထိုးထည့်လို့ ထိုင်ခုံမှာ ထိုင်ခဲ့တာပါ ။ ပြီးတော့ စာအုပ်ထဲ ဈာဉ်ဝင်သွားတဲ့အချိန်မှာ သူနဲ့ အမျိုးသားတစ်ဦးရဲ့ကြားထဲက ကွတ်ကီးထုပ်ကို သူ့ကွတ်ကီးလို့ထင်ပြီး နှိုက်စားနေခဲ့တာပါ ။ တချိန်လုံး သူနှိုက်စားခဲ့တဲ့ ကွတ်ကီးတွေဟာ သူ ကွတ်ကီးသူခိုးလို့ထင်ခဲ့တဲ့ လူ ရဲ့ ကွတ်ကီးတွေဖြစ်လို့နေခဲ့တယ် ။

သူတပါးကို တစ်ခုခုစွတ်စွဲဖို့အတွက် ကိုယ့်ဖက်ကိုယ်ရော လုံခြုံပါရဲ့လားဆိုတဲ့မေးခွန်းကို ကျွန်တော်တို့ကိုယ့်ကိုယ်ကို ပြန်မေးရပါမယ် ။ ဘာကြောင့်လည်းဆိုတော့ တခါတရံ ကိုယ်မှန်တယ်လို့ထင်နေတဲ့အယူအဆတစ်ခုဟာ မှားနေတတ်ကြောင်းတွေ့ရတတ်လို့ပါပဲ ။ တစ်ခုခုကို မပြောခင် တစ်ခုခုကို မဆုံးဖြတ်ခင် အမှန်ဟုတ်ရဲ့လားလို့ ပြန်လည်စဉ်းစားချင့်ချိန် ဖို့ အရမ်းကိုလိုအပ်ပါတယ် ။ စာဖတ်သူများလည်း သူများ ကွတ်ကီးကို ကိုယ့်ကွတ်ကီးလို့ မထင်မိစေဖို့နဲ့ သူတပါးကို ရမ်းပြီးမစွပ်စွဲဖို့ အမှန်တရားကို စဉ်းစားချင့်ချိန်တတ်သော သူများဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ။