မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 10 April 2013

နှစ်သက်မိခဲ့သော ပုံပြင်လေးများ

ဟိုးရှည်ရှည်တုန်းကပေါ့....တရုတ်ပြည်မှာ လီလီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်တဲ့..။ လီလီဟာ အိမ်ထောင်ကျပြီးနောက်ယောက်ျားနဲ့အတူယောက္မအိမ်မှာနေဖို့လိုက်ပါသွားတယ်တဲ့...။

အချိန်တိုတိုလေးအတွင်း မှာပဲလီလီဟာသူမယောက္မနဲ့အတူနေလို့မဖြစ်နိုင်မှန်းသိလာတယ်...။သူတို့နှစ်ယောက်ရဲ့ကွဲပြားခြားနားတဲ့စရိုက် တွေကြောင့် လီလီဟာယောက္မရဲ့ညိုငြင်ခြင်းနဲ့ဒေါသထွက်ခြင်းကိုအစဉ်အမြဲခံခဲ့ရတယ်...။

ဒီလိုနဲ့နေ့တွေကုန်ဆုံးပြီးရက်သတ္တပါတ်တွေလဲကုန်လွန်သွားခဲ့တယ်...။လီလီနဲ့သူ့ယောက္မကတော့ဘယ်တော့မှ ညူဆူခြင်းနဲ့ရန်ဖြစ်ခြင်းကို မရပ်တန့်ကြဘူး..။တစ်အိမ်လုံးမှာဖြစ်ပေါ်နေတဲ့ ဒေါသတွေနဲ့မပျော်ရွှင်မှုတွေကလီလီ ရဲ့သနားစရာခင်ပွန်းကိုကြီးစွာသောစိတ်ဆင်းရဲသောကကိုဖြစ်စေပါတယ်...။

နောက်ဆုံးမှာတော့လီလီဟာသူမရဲ့ ယောက္မကိုဘယ်လိုမသည်းမခံနိုင်တော့ပါဘူး..။ဒါကြောင့်သူမဟာတစ်ခုခုလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်..။ သူမဟာသူမအဖေရဲ့သူငယ်ချင်းကောင်း ဆေးဖက်ဝင်အပင်တွေရောင်းတဲ့ Mr.Huang ကိုသွားတွေ့ခဲ့တယ်..။


သူမက သူ့ကို အခုဖြစ်ပေါ်နေတဲ့အခက်အခဲတွေကိုပြောပြီးအဆိပ်အချို့ကိုရောင်းပါလို့တောင်းဆိုခဲ့တယ်..။ ပြသာနာတွေအားလုံးကိုတစ်ကြိမ်တစ်ခါတည်းနဲ့ပြီးဆုံးစေဖို့အတွက်ပေါ့...။

Mr.Huang ကတစ်ခဏတာစဉ်းစား လိုက်တယ်..။ နောက်ဆုံးမှာတော့ သူကပြောခဲ့တယ်...။ "လီလီ..မင်းပြသာနာကိုဖြေရှင်းဖို့ငါကူညီပါ့မယ်..ဒါပေမယ့် ငါ့စကားနားထောင်ပြီးငါပြောသမျှမင်းလိုက်နာရမယ်.."

လီလီကပြောတယ် "ဟုတ်ကဲ့ Mr.Huang ရှင်လုပ်ခိုင်းသမျှ အရာအားလုံးကျွန်မလုပ်ပေးပါ့မယ်" Mr.Huang ကအနောက်ဖက်အခန်းထဲသို့ဝင်သွားပြီးမိနစ်အနည်းငယ်အကြာ မှာ ဆေးဖက်ဝင်အပင်အထုပ်တစ်ထုပ်နဲ့အတူပြန်လာခဲ့တယ်..။

သူကလီလီကိုပြောတယ်"မင်းယောက္မအတွက်အမြန် သေစေတဲ့အဆိပ်တွေသုံးလို့မဖြစ်ဘူးကွ.ဘာလို့လဲဆိုတော့လူတွေအားလုံးသံသယဖြစ်ကုန်လိမ့်မယ်.ဒါကြောင့် မင်းကို သူမရဲ့ခန္ဓာကိုယ်မှာအဆိပ်တွေတဖြည်းဖြည်းစုစေတဲ့အပင်မျိုးငါပေးလိုက်မယ်.နောက်နေ့တွေမှာ အရသာရှိတဲ့အစားအသောက်တွေကိုပြင်ဆင်ပါ..ဒီအရွက်လေးတွေနဲနဲစီကြိတ်ထည့်ပြီးမင်းယောက္မကိုတိုက်ပါ..ဒီလိုလုပ်တဲ့ အတွက်မင်းကိုဘယ်သူမှသံသယမဖြစ်ကြတော့ဘူး..ဒါပေမယ့်မင်း...မင်းယောက္မကိုသတိကြီးကြီးနဲ့လိုက်လျှောညီစွာ ဆက်ဆံရမယ်..သူမနဲ့ရန်မဖြစ်ရဘူး..သူမသဘောတွေကိုအားလုံးလိုက်လျှောရမယ်..သူမကိုဘူရင်မတစ်ပါးလိုဆက် ဆံရမယ်"လီလီကအရမ်းပျော်သွားတယ်...။

သူမက Mr.Huang ကိုကျေးဇူးတင်စကားပြောပြီးသူမအိမ်ကိုအမြန်ပြန်လာ ခဲ့တယ်..။သူမရဲ့အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ပေါ့...။ ဒီလိုနဲ့ရက်တွေလတွေကုန်ဆုံးသွားခဲ့တယ်..။

နေ့ရက်တိုင်းမှာလီလီဟာ သူမယောက္မကြီးအတွက်အရသာရှိလှတဲ့အ စားအသောက်တွေကိုပြင်ဆင်ပေးတယ်..နွေးနွေးထွေးထွေးဆက်ဆံခဲ့တယ်..။ Mr.Haung မှာတဲ့အတိုင်းသံသယဖြစ် စေမယ့်အမူအယာမှန်သမျှရှောင်ရှားပြီးမိခင်အရင်းလိုဆက်ဆံခဲ့တယ်..။

၆ လကြာပြီးနောက်..အိမ်တစ်ခုလုံးကပြောင်းလဲသွားတယ်..။လီလီဟာလဲ သူမရဲ့အမူအကျင့်တွေအပေါ်မှာအကျင့်ပါသွား ပြီး သူမဟာ လိမ္မာယဉ်ကျေးသူတစ်ယောက်မှန်းကိုယ့်ကိုယ်ကိုမြင်လာခဲ့တယ်..။

သူမဟာယောက္မအပေါ်မှာညိုငြင်စိတ် မှရှိတော့ဘူး..။ဘာကြောင့်လဲဆိုတော့သူမဟာ ယောက္မကိုနွေးထွေးမှုတွေပေးပြီးသူမနဲ့အတူနေထိုင်ရတာဟာ လွယ်ကူတယ်လို့ထင်လာတယ်..။ယောက္မကသူမအပေါ်မြင်တဲ့အမြင်ကလည်းပြောင်းလဲလာတယ်..။

သူမဟာလီလီကို သူမရဲ့သမီးအရင်းလိုချစ်ခင်လာခဲ့တယ်..။သူမဟာအိမ်နီးနားချင်းတွေနဲ့သူမရဲ့မိတ်ဆွေတွေကို..လီလီဟာဘယ်တော့ မှာရှာမရနိုင်တော့တဲ့ချွေးမကောင်းလေးတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့..။

တစ်နေ့မှာတော့လီလီဟာ Mr.Huang ဆီကိုအကူအညီတောင်းခံဖို့ပြန်သွားခဲ့တယ်.။သူမက "Mr.Haung ရေကျွန်မယောက္မကိုအဆိပ်တွေကျွေးပြီးသတ်တဲ့ကိစ္စကိုကူညီပါအုန်း..သူကအခုအရမ်းကောင်းတဲ့မိန်းမတစ်ယောက်ဖြစ် သွားပြီ..သူမကိုကျွန်မအမေအရင်းလိုချစ်ခင်မိသွားပြီ..ကျွန်မတိုက်ခဲ့တဲ့အဆိပ်တွေကြောင့်မသေစေချင်တော့ဘူး" Mr.Haungကပြုံးပြီးတော့ပြောတယ်..

"ဒီအတွက်ဘမှမပူပါနဲ့လီလီ..ငါမင်းကိုဘယ်တုန်းကမှအဆိပ်တွေမပေးခဲ့ပါ ဘူး..ငါပေးခဲ့တဲ့ဆေးပင်တွေကသူမကျန်းမာရေးကိုအထောက်အကူပြုစေတဲ့ဗီတာမင်တွေပါ..တစ်ကယ့်အဆိပ်အစစ်က မင်းရဲ့စိတ်ထဲမှာနဲ့မင်းသူမအပေါ်ထားတဲ့သဘောထားအပေါ်မူတည်ပါတယ်..အခုတော့ဒါတွေဟာမင်းသူမအပေါ်ပေး ခဲ့တဲ့ချစ်ခြင်းမေတ္တာတွေကဆေးကြောလိုက်လို့အဝေးကိုရောက်သွားပါပြီ"

#####################################

တရုတ်စကားပုံတစ်ခုရှိပါတယ်..(အခြားလူတွေကိုချစ်တဲ့လူတစ်ယောက်ဟာသူလဲအခြားလူတွေရဲ့ပြန်ချစ်ခြင်းကို ခံရလိမ့်မယ်..)

အားလုံးပြီးဆုံးလို့သင်ဟာဘာမှမရရှိဘူးဆိုရင်တောင်မှတစ်စုံတစ်ခုတော့ရရှိပါလိမ့်မယ်..........။

အဲဒါကတော့

“ ဖယောင်းတိုင်တစ်တိုင်ဟာတစ်ခြားဖယောင်းတိုင်တစ်တိုင်ကိုအလင်းရောင်ကူးစက်ပေးတဲ့ အတွက်ဘယ်တော့မှသေဆုံးခြင်းမရှိဘူး..”