ငါးဆိုတာ ရေထဲနေပြီးတော့ ရေမမြင်ဘူး။
ငှက်ဆိုတာ လေထဲနေပြီးတော့ လေမမြင်ဘူး။
အဲလိုပဲ ပုထုဇဉ်ဆိုတာ ဘယ်ဘ၀ကလာလို့ 
ဘယ်ဘ၀သွားရမယ်ဆိုတာ မမြင်ဘူး။
အဲလို မမြင်တဲ့အခါကျတော့ မကြောက်ဘူးပေါ့။
မကြောက်တဲ့အခါကျတော့ ပစ္စပ္ပုန်ဘ၀ပဲ လောဘ ဒေါသနဲ့ 
နေလာကြတာ ၊ အဲတော့ ကုသိုလ်ကများနေလား
အကုသိုလ်ကများနေလား။ အဲဒါကြောင့်
ဒီလိုနေလို့  သေလို့ တော့ မဖြစ်တော့ဘူးဆိုတဲ့ အဖြေထွက်လာတယ်။
အဲတော့ ၀ဋ်မှာအမြဲ ငရဲမှာအပ ဆိုတာတွေ လွတ်အောင်ကျွတ်အောင်
ပအောင် ပျောက်အောင်ဆိုတာ ဒီမဂ်တရား ဖိုလ်တရားတွေ ကျင့်ရင် လွတ်ပါတယ်။
မြတ်စွာဘုရားလက်ထက်မှာလည်းရှိတယ်။ အင်္ဂုလိမာလကြီး
လက်ညှိုးပေါင်းတစ်ထောင် လူပေါင်းထောင်သောင်းမက သတ်လာတာ။
နောက်ဆုံးတော့ မြတ်စွာဘုရားရဲ့ တရားတော်ကို နာပြီး တရားအားထုတ်တော့ ရဟန္တာဖြစ်သွားတယ်။ အပါယ်လေးပါးကျသေးလား၊ မကျတော့ဘူး။
လူဘ၀ပဲ ရမယ်နော် ဒီအခွင့်အရေး၊ နောက်ဘ၀မရဘူး။ အကုသိုလ်များလွန်းတော့
ဆွမ်းခံထွက်တဲ့အခါကျတော့ သာဝတ္ထိပြည်နဲ့  ဇေတ၀န်ကျောင်းကြားမှာ
တောအုပ်လေးတွေရှိတယ်။ အဲဒီရောက်တော့ ဘယ်သူမှမရှိဘဲနဲ့  ဒုတ်တွေ ဓါးတွေ လှံတွေက ရှင်အဂုင်္လိမာလရဲ့ ခေါင်းပေါ်ကျတယ်။
အဲလိုကျပြီး သွေးတရဲရဲ သံတရဲရဲ ဖြစ်တော့ မြတ်စွာဘုရားက ချစ်သား
သည်းခံလော့၊ သည်းခံလော့၊ အကယ်၍ သင်ဟာ ငါနဲ့ မတွေ့ လို့  ငါ့ စကားနားမထောင်ခဲ့ဘူးဆိုရင် သင်သည် ငရဲမှာ နှစ်ပေါင်း သောင်းပေါင်း ထောင်ပေါင်းများစွာ
ခံစားရတော့မှာ။
အခုတော့ ခံစားရသေးလား၊ အဲလိုဆိုရင်
တို့ ဘုရားရဲ့ အားကိုးရာဆိုတာ ဒါကို ပေါ်လာပြီ။ ခင်ဗျားတို့ ရှာတဲ့ ရတနာတွေက
အဲလို အားကိုးလို့ ရပါမလား၊ သေတော့ရော သေအောင်သတ်တဲ့ ပင်ပန်းဆင်းရဲမှုက
အော်နေရတာ၊ အဲတော့ ချမ်းသာအောင် ဒေါ်လာတွေ ရွှေတုံးငွေတုံးတွေနဲ့  အလဲလှယ်လုပ်လို့ ရပါမလား။
ပြည်တန်တဲ့ ပတ္တမြားကြီး အမှုန့် ထောင်းတိုက်တော့ရော ချမ်းသာပါမလား။
အဲတော့ ဘာအားကိုးရမလဲ၊ အဲဒီတော့မှ တရားဟာ နှိုင်းလို့ ယှဉ်လို့ ရပါမလား။
အဲတော့ အဖြေထွက်လာလိမ့်မယ်နော်။ နှိုင်းလို့ ယှဉ်လို့ မရအောင် ချမ်းသာတဲ့
အမြတ်ဆုံးတရားပါလားဆိုတာ တို့ ဘာသာဝင်တွေ သဘောပေါက်သွားလိမ့်မယ်။
အဲတော့ ထေရ၀ါဒဘာသာကိုရောက်လာကြသူတွေဟာ အလွန်ကံထူးတယ်။
သို့ သော် မြက်စားနေတဲ့ သမင်ဟာ ပြည်တန်တဲ့ ပတ္တမြားကြီးတွေ့ ပါရဲ့  ပတ္တမြားမှန်းသိရဲ့ လား။
