မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 26 April 2013

"ကိုယ့်ရဲ့ အဖော်မွန်ကောင်းဆိုတာ"

လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားပါ။

တရားအားထုတ်လာပြီး သတိ၊ သမာဓိ၊
ဥာဏ်ပညာ ရင့်ကျက်လာတဲ့အခါမှာ အနားမှာ
ဘယ်သူမှမရှိပေမယ့် အဖော်မဲ့လို့ အားငယ်တဲ့စိတ်မျိုး မဖြစ်ဘူး။
အဖော်ကို အပြင်မှာ မရှာတော့ဘူး။

ကိုယ့်ကိုယ်ကို ကျေနပ်တဲ့စိတ်ဟာ ကိုယ့်အဖော်ဖြစ်နေတယ်။

သတိဟာ ကိုယ့်အဖော်ဖြစ်နေတယ်။


ငါ့မှာ အဖော်မရှိပါလားဆိုပြီး အားမငယ်ဘူး။ မကြောက်ဘူး။

နောက်ဆုံးအချိန်မှာ သတိပဠာန် အဖော်နဲ့ပဲ
လက်တွဲပြီးတော့ ဘ၀သံသရာခရီးကို သွားရမှာပဲ။

တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ ငါဟာ
ငါနဲ့အတူတူရှိနေအောင် ကြိုးစားပါ။

ငါနဲ့ ငါပဲ အဖော်ရနေအောင်၊ ကိုယ့်စိတ်ကို
အဖော်ကောင်းဖြစ်အောင်၊ ကိုယ်ရဲ့ကြည်လင်ရွှန်းလန်းပြီး
မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကို
အဖော်ဖြစ်ပြီး နေတတ်အောင် ကြိုးစားပါ။

သတိပဋ္ဌာန်တရားကို ကိုယ့်နဲ့ မကွာ အမြဲတမ်းပါတဲ့ အဖော်ကောင်းဖြစ်အောင် လုပ်ပါ။

မိတ်ဆွေကောင်းလိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်း အဖော်ကောင်း ပီသအောင် နေလိုက်ပါ။

သတိဆိုတဲ့ အဖော်ကောင်းနဲ့ အမြဲတမ်းအဖော်လုပ်ပြီး နေနိုင်ကြပါစေ။

ဆရာတော် ဦးဇောတိက