Saturday, 27 April 2013
- ဖန်ဆင်းခြင်းအဆင့်လွန်,တီထွင်ခြင်းအဆင့်လွန်ဖြစ်သော တန်ခိုးကြီးတန်းဝင် တန်ဘိုးကြီး"သဒ္ဓါတရား"
- (၁)။-သဒ္ဓါ==ကုသိုလ်စိတ်+ကုသိုလ် ကံဖြစ်ပွါးစေကြောင်း *ပညတ်အာရံ ဓာတ်အာရုံ ပရမတ္ထအာရုံတို့၌-*ယှဉ်ဘက်တရား(စိတ်စေတသိက်=နာမ်)တို့ကို ကြည်လင်စေခြင်း,ယုံကြည်စေခြင်းသဘော။
(-စကြ၀တေးမင်း၏ ပတ္တမြားရတနာသည် နောက်ကျိလို့နေသောရေထဲမှ-အနယ်အမှုန်များကို အောက်ခြေရင်းတွင် ထိုင်ကျစေကာ- ရေကိုကြည်လင် စေသကဲ့သို့ *သဒ္ဓါသည်လဲ ကိလေသာ အညစ်အကြေး အနယ်အမှုန်များကို အနည်ထိုင်ကျစေပြီးနောက် *စိတ်စေတသိက်=နာမ်တို့ကို ကြည်လင်စေတတ်၏။
-မောဟ ဒိဋ္ဌိ ၀ိစိကိစ္ဆာတို့ကို ဖယ်ရှားပြီးလျင် *ကုသိုလ်စိတ်+ကုသိုလ်ကံဖြစ်ပွါး ရကြောင်း *အရှုခံပညတ်အာရုံ အရှုခံဓာတ်အာရုံ အရှုခံ ပရမတ္ထအာရုံတို့၌ *ယုံကြည်တတ်မှု သဒ္ဓါကို ထက်သန်မြဲခိုင်စွာပင် တကယ်ဖြစ်ပေါ်စေ၏။
- --အကုသိုလ်အမှုများ၌ မောဟဦးဆောင်သကဲ့သို့ *ကုသိုလ်ရေးတို့တွင် *သဒ္ဓါဦးဆောင်၏။-သဒ္ဓါမရှိသော သူတို့သည် *သဗ္ဗညုတဘုရားရှင်ရဲ့ သာသနာတော်မြတ်အစစ်ကြီးနှင့် ကိုယ်တိုင်ဒဲ့တိုက် ကြုံကြိုက်နေပါသော်လဲ-*လောကုတ္တရာသို့ ရောက်ကြောင်း ကုသိုလ်ကံထူးများ`` ပြုပွါးခွင့်ကို မရပါချေ။-လက်မရှိသောသူအား ရွှေတောင်ပေါ်မှာ ကိုယ်တိုင်ရောက်နေပါသော်လဲ ရွှေတုံးစစ်စစ်များကို မကောက်ယူနိုင်သလိုမျိုးပင် ဖြစ်ပါ၏။
-ထို့ကြောင့် ဤလောကမှာ လူ့ဥစ္စာ-သဒ္ဓါ အမြတ်ဆုံးတည်း-လို့ သဗ္ဗညုတဘုရားရှင် မိန့်ကြားတော်မှုခဲ့ပါ၏။
(-ကမာဝက်ရွာသား ဒေါက်တာမင်းတင်မွန်ရဲ့ *ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်ထဲက စာသားများကို နဲနဲငယ် ပြင်ရေးလိုက်ပါ၏။)
--------------
- သဒ္ဓါ၏ လက္ခဏာ
မိလိန္ဒမင်းကြီးရဲ့ *အတွဲလိုက်အကပ်လိုက်မေးခွန်း ကျည်ဆံများ>>> ''အရှင်မြတ် နာဂသေန...သဒ္ဓါတရားသည် အဘယ်သို့သော လက္ခဏာ ရှိပေသနည်း''
ပဋိသမ္ဘိဒါ ၄-ပါး*ဥာဏ်ပိုင်ရှင်,ရဟန္တာကြီးအဆင့်နဲ့ ရှင်နာဂသေနဘုန်းတော်ကြီးရဲ့ *ပဋိသမ္ဘိဒါ"ဥာဏ်"ပြည့်
>> အဖြေစဉ်>>
...ဒကာတော်မင်းကြီး *သဒ္ဓါသည် ကြည်လင်ခြင်း ယုံမှားပျောက်ခြင်း လက္ခဏာရှိပေ၏။
- မိလိန်>>>*သဒ္ဓါသည် အဘယ်သို့လျင် ကြည်လင်စေပါသနည်း
နာဂသေ>>>မင်းကြီး...သဒ္ဓါဖြစ်သည်ရှိသော် နီဝရဏတရားကို ပယ်ခွာလေရကား နီဝရဏကင်းသောစိတ်သည် အထူးကြည်လင်ပေ၏။
- မိလိန်>>>*ထို သဒ္ဓါရဲ့ ကြည်လင်ခြင်းသဘောကို ဥပမာဆောင်တော်မူပါဦး
နာဂသေ>>>*စကြ၀တေးမင်းသည် စစ်အင်္ဂါ ၄-ပါးတို့နှင့်တကွ ခရီးရှည်သွားနေစဉ်-ဆင်။မြင်း။ရထား စသည်တို့သည် ရေနည်းသော ချောင်းတစ်ခုကို ပထမဦးစွာ ဖြတ်ကူးကြ၏။
-စကြ၀တေးမင်း ကူးပြီးသွားသောအခါတွင်ကား ရေသည် နောက်ကျိလျက် ရှိ၏။-ထိုအချိန်တွင် စကြ၀တေးမင်းက *ငါ ရေသောက်လိုသည် လို့ မိန့်ဆိုလာတဲ့အခါ *ရေခပ်သော သူတို့သည် ထို နောက်ကျိလျက်ရှိသော ရေထဲသို့ မင်းကြီး၏- ပတ္တမြားရတနာကို ထည့်၍ ကြည်လင် စေကုန် သကဲ့သို့ပင် ဖြစ်ပါ၏။
--ဒကာတော်မင်းကြီး *နီဝရဏကင်းသော ကုသိုလ်စိတ်သည် ပတ္တမြားထည့်အပ်ခြင်းကြောင့် ကြည်လင်သွားရသောရေနှင့် တူပေ၏။
*ယောဂီပုဂ္ဂိုလ်သည်ကား နောက်ကျိသောရေထဲသို့ ပတ္တမြားရတနာကို ထည့်အပ်သည်နှင့် တူပေ၏။
*သဒ္ဓါတရားသည်ကား ရေကိုကြည်လင်စေတတ်သော ပတ္တမြားရတနာနှင့် တူပေ၏။
-ထို့ကြောင့် သဒ္ဓွါသည် ကြည်လင်ခြင်းလက္ခဏာ ရှိပေ၏။
- မိလိန်>>>*သဒ္ဓါသည် အဘယ်သို့လျင် ယုံမှားပျောက်ခြင်းလက္ခဏာ ရှိပါသနည်း
နာဂသေ>>>ဒကာတော်မင်းကြီး...အကြင်သူ၏ ကိလေသာမှ လွတ်သောစိတ်ရှိသည်ကိုမြင်၍ သောတာပတ္တိဖိုလ်၌၎င်း။
-သကဒါဂါမိဖိုလ်၌၎င်း။
-အနာဂါမိဖိုလ်၌၎င်း။
-အရဟတ္တဖိုလ်၌၎င်း-ယုံမှားကင်းလျက်,ယောဂီပုဂ္ဂိုလ်သည် မိမိမရောက်သေးသည့် လောကုတ္တရာကို ရောက်စိမ့်သောငှာ။
-မိမိမရသေးသည် လောကုတ္တရာကို ရစေခြင်းငှာ။
မိမိ မျက်မှောက်မပြုရသေးသည့် လောကုတ္တရာကို မျက်မှောက်ပြုရစေခြင်းငှာ-
ကြိုးပမ်းအားထုတ်၏။
-ထို့ကြောင့်ပင်လျင် *သဒ္ဓါသည် ယုံမှာပျောက်ခြင်း လက္ခဏာ ရှိပေ၏။
- >>*မိလိန်>>>ဥပမာပြုတော်မူပါဦး..
. နာဂသေ>>>တောင်ထိပ်ထက်၌ မိုးကြီးသည်းထန်စွာ ရွာသွန်းသည်ဖြစ်အံ့။
-မိုးရေတို့သည် ချိုင့်ဝှမ်းရှိရာသို့ စီးဝင်ကာ မြစ်ကို ပြည့်စေ၏။
-ထို မြစ်ကို ဖြတ်ကူးလိုသူတို့သည် စ်ြရေတိမ်သည်ကို မသိသောကြောင့်-မကူးဝံ့ပဲရှိနေကြစဉ်-တစ်ဦးသောသူသည် မြစ်ကိုဖြတ်ကူးသွားလေ၏။
-ထိုအခါကျမှပင် အခြားသူတို့သည်လဲ မြစ်ကိုဖြတ်၍ ကူးဝံ့ရဲကြလေကုန်၏။
-ဒကာတော်မင်းကြီး...ယောဂီပုဂ္ဂိုလ်သည်လဲ ထို့အတူပင် ဖြစ်သည်သာတည်း။
-သူတစ်ပါးတို့အား * ကိလေသာမှ လွတ်သောစိတ်ရှိသည်ကို မြင်ရခြင်းအားဖြင့် သောတာပတ္တိဖိုလ်။ သကဒါဂါမိဖိုလ်။ အနာဂါမိဖိုလ်။ အရဟတ္တဖိုလ်တို့၌ ယုံမှားပျောက်ကာ မိမိမရောက်သေးသည့် လောကုတ္တရာကို ရောက်စိမ့်သောငှာ။
-မိမိမရသေးသည် လောကုတ္တရာကို ရစေခြင်းငှာ။
မိမိ မျက်မှောက်မပြုရသေးသည့် လောကုတ္တရာကို မျက်မှောက်ပြုရစေခြင်းငှာ-ကြိုးစားအားထုတ်လေတော့၏။
-ထို့ကြောင့်ပင်
*သဒ္ဓါသည် ယုံမှားပျောက်ခြင်း လက္ခဏာရှိပေ၏။
--ဒကာတော်မင်းကြီး...ဤအကြောင်းတို့ကို ငါ(-နာဂသေန)တစ်ဦးတည်းကသာ ဆိုသည်မဟုတ်။-သဗ္ဗညုတဘုရားရှင်ကိုယ်တော်တိုင်ကလဲ သံယုတ္တနိကာယ်၎င်း-ဤသို့ ဟောတော်မူခဲ့ပါပေ၏။
--"သဒ္ဓါတရားဖြင့် သံသရာတည်းယူသော ၀ဲဩဃကို ကူးမြောက်နိုင်၏။
-ကုသိုလ်ကမ္မပထတို့တွင် မမေ့မလျော့ခြင်းတည်းဟူသော ၀ီရိယဖြင့် ဆင်းရဲစွာသော သံသရာဆိုတဲ့ သမုဒ္ဒရာကြီးကို လွန်နိုင်၏။-ပညာဖြင့် ကိလေသာမှ စင်ကြယ်နိုင်၏။
**************
>>>..သဒ္ဓါရဲ့ ၄-ပုံတို့အထဲက ၁-ပုံ*စာမျှကို အဟုတ်တကယ်*လက်တွေ့ ဖြည့်ဆောင်နိုင်သူအား *ပညာဧတဒဂ်ရ အရှင်မြတ်'သာရိပုတ္တကဲ့သို့ *အဂ္ဂသာဝက ဗောဓိပိုင်ရှင် ရဟန္တာအဆင့်သို့ ဧကန်မုချကြီးပဲ ရောက်ဆိုက်မြဲခိုင်,နိုင်ပါ၏၊
-သဒ္ဓါရဲ့ ၄-ပုံတို့အထဲက ၂-ပုံ*စာမျှကို အဟုတ်တကယ် *လက်တွေ့ ဖြည့်ဆောင် နိုင်သူအား *ပစ္စေကဗောဓိပိုင်ရှင်*ရဟန္တာ အဆင့်သို့ ဧကန်မုချကြီးပဲ ရောက်ဆိုက်မြဲခိုင်,နိုင်ပါ၏၊
-သဒ္ဓါကို တင်းပြည့်ကျပ်ပြည့်ရှိအောင်,အကန့်အသတ်နယ်လွန်*သွားသည့်တိုင်အောင် အဟုတ်တကယ် *လက်တွေ့ ဖြည့်ဆောင် နိုင်သူအား *အရိမေတ္တယျ မြတ်ဗုဒ္ဓကဲ့သို့ *သဗ္ဗညုတ ရွှေဥာဏ်တော်ရှင် သမ္မာသမ္ဗုဒ္ဓ အဖြစ်၌..ဧကန်မုချကြီးပင် ရောက်ဆိုက်မြဲခိုင်,နိုင်ပါ၏၊
Labels:
ဗဟုတုတ
