Saturday, 27 April 2013
- ဖန်ဆင်းခြင်းအဆင့်လွန်,တီထွင်ခြင်းအဆင့်လွန်ဖြစ်သော တန်ခိုးကြီးတန်းဝင် တန်ဘိုးကြီး"သဒ္ဓါတရား"
(၁) ကောင်းအာရုံ ဆိုးအာရုံခြောက်ပါးတို့ ထင်လာသောအခါ သာယာခြင်းတဏှာ၊ နှလုံးမသာယာခြင်း ဒေါသတို့ မရှိရအောင် သတိသမ္ပဇဉ် အမြဲယှဉ်၍ရှုခြင်းမျိုး ခြောက်ပါးကိုဆိုသည်။
(ဆဠင်္ဂုပေက္ခာ)
(၂) သဗ္ဗေ သတ္တာ ကမ္မဿကာ သတ္တ၀ါတို့ ချမ်းသာဆင်းရဲဟူသည် သူတို့၏ ကံအတိုင်းဘဲဟု လျစ်လျူရှုကာနေခြင်းကို ဆိုလိုပါသည်။
(ဗြဟ္မ၀ိဟာရုပေက္ခာ)
(၃) မဂ်၏ အင်္ဂါအစိတ်အပိုင်းသို့ ရောက်လာသော ဗောဇ္ဈင်တရားတို့သည် အလွန် အလျော့မရှိ ပိုလွန်ခြင်း ယုတ်လျော့ခြင်းမရှိဘဲ အညီအမျှသာ ဖြစ်ပေါ်လာခြင်းမျိုးကို ဆိုလိုပါသည်။
(ဗောဇ္ဈင်္ဂုပေက္ခာ)
(၄) ၀ီရိယုပေက္ခာ- မဂ်ဖိုလ်ရရေး အားထုတ်ပေးရာ၌ အပိုအလိုမရှိရအောင် ညီမျှစွာဖြစ်သော ၀ီရိယကို ဆိုလိုပါသည်။
(၅) ဈာန်မဂ်ဖိုလ်တရားတို့ကို ရရှိရန် အားထုတ်သောအခါ ပဉ္စမဈာန်သမာဓိ၊ သို့မဟုတ် ၀ိပဿနာဉာဏ်ရင့်သန်လာသောအခါ နီဝရဏစသော သင်္ခါရတရားတို့ကို အထူးဂရုစိုက်ကာ ပယ်ရှားမှုမပြုရတော့ဘဲ လျစ်လျူရှုခြင်းသဘောကို ဆိုလိုပါသည်။
(သင်္ခါရုပေက္ခာ)
(၆) ကောင်းအာရုံ မကောင်းအာရုံတို့နှင့် တွေ့ကြုံသောအခါ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းတို့အကြား အလတ်စားဖြစ်သော အနေအားဖြင့် ခံစားခြင်းကို ဆိုလိုပါသည်။
(ဝေဒနုပေက္ခာ)
(၇) ရုပ်နာမ်ခန္ဓာစသော တရားစုတို့ကို အနိစ္စ ဒုက္ခ အနတ္တမြင်လာအောင် ထူးသောဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ရာ၌ အဟောင်းပျက် အသစ်အစားထိုး လာပုံတို့ကို ငြိမ်သက်စွာ လျစ်လျူရှုကာ သုံးသပ်ဆင်ခြင်ခြင်းကို ဆိုလိုပါသည်။
(၀ိပဿနုပေက္ခာ)
(၈) သဟဇာတ အတူတကွဖြစ်နေကြသည့်တရားစုတို့၌ ညီညွတ်အောင် အားထုတ်မနေရတော့ပဲ လျစ်လျူရှုခြင်းသဘောကို ဆိုလိုပါသည်။
(တတြမဇ္ဈတ္တုပေက္ခာ)
(၉) မိမိရရှိခံစားရမည့် ဈာန်ချမ်းသာကိုပင် ချမ်းသာမှုသို့မကျရောက်စေပဲ လျစ်လျူရှုခြင်းကို ဆိုလိုပါသည်။
(ဈာနုပေက္ခာ)
(၁၀) ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏဓမ္မတို့မှ သန့်စင်နေပြီဖြစ်၍ ထိုတရားဆိုးတို့ မဖြစ်စေရအောင် ကြောင့်ကြမှု မပြုရတော့သည်ကို ဆိုလိုပါသည်။
(ပါရိသုဒ္ဓုပေက္ခာ)
Labels:
ဗဟုတုတ
