ဝက်သားအတုံးလိုက်ပေါင်းနည်း
ပါဝင်သောပစ္စည်းများ
ဝက်သုံးထပ်သား
ကြက်သွန်(ဖြူ/နီ)
ပဲငံပြာရည်
ရှာလကာရည်
ဆီ
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးစွာ ဝက်သားကို ရေစစ်ပြီး ပဲငံပြာရည်၊ ရှာလကာရည်တို့နှင့် နယ်ပါ။ ကြက်သွန်ဖြူကို အခွံသင်ထားပါ။ ကြက်သွန်နီဥကြီးများကို ထက်ခြမ်းခွဲထားပါ။ အားလုံးအသင့်ဖြစ်မှ ဝက်သား၊ ဆီ၊ ကြက်သွန်(ဖြူ/နီ) တို့ကို ဇလုံတစ်ခုတွင် ထည့်ပါ။ ထိုဇလုံကို ဆန်ခါခံထားသော ပွက်ပွက်ဆူနေသည့် ရေနွေးသံဒယ်အိုးတွင်ထည့်၍ အဖုံးပိတ်ပြီး ပေါင်းပါ။ မိနစ်အနည်းငယ်စောင့်၍ အသားနူးသောအခါ မိမိစိတ်ကြိုက် အလိုက်ဝက်သားအတုံးများကို တုံး၍ စားနိုင်ပါပြီ။
