မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 1 April 2013

ထိုင်းစတိုင် ပဲကြာဆံသုပ်

ထိုင်းစတိုင် ပဲကြာဆံသုပ်
ပါဝင်သော ပစ္စည်းများ

ပဲကြာဆံ
ပုစွန်
ပြည်ကြီးငါး
ငါးဖယ်
မှိုခြောက်
ခရမ်းချဉ်သီး
ကြက်သွန်နီ/ဖြူ
သခွားသီး
ကြက်သွန်မြိတ်
နံနံပင်
ငရုတ်သီးစိမ်း
သံပရာရည်
ကင်းမွန်ငံပြာရည်
သကြား
ဆီမွှေး

ပြုလုပ်ပုံ အဆင့်ဆင့်


အသုပ်ပြုလုပ်ပုံက ပဲကြာဆံကို ပြုတ်ပြီး မကျက်တကျက် အချိန်မှာ ဆယ်ရမယ်။ ပြီးရင် ပုစွန်၊ ပြည်ကြီးငါး၊ ငါးဖယ်တို့ကို ပြန်ပြုတ်ပြီး ဖယ်။ မှိုခြောက်ကို မိနစ်အနည်းငယ် ရေစိမ်ပြီးရင် ပါးပါးလှီးရမယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သခွားသီး၊ ကြက်သွန်မြိတ် တို့ကို ပါးပါးလှီးထည့်ရမယ်။

နံနံပင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို စက်နဲ့ ကြိတ်ရမယ်။ ပြီးတော့ သံပရာရည်၊ ကင်းမွန်ငံပြာရည်၊ သကြား၊ ဆီမွှေးတို့အားလုံးကို အရသာစပ်ပြီးရင် ဆလတ်ရွက် ခင်းထားတဲ့ ပန်းကန်ပြားထဲကို ချဉ်စပ်အရသာရှိတဲ့ ကြာဆံသုပ်ထည့်ပြီး အသင့် စားသုံးနိုင်ပါတယ်။