မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 1 April 2013

ရခိုင်တံငါသည် ဟင်း ရိုးရာအစားအစာနှစ်သက်သူတွေ အကြိုက်တွေ့မယ့် ရခိုင်စာ တံငါသည်ဟင်း ချက်စားကြည့်ကြမယ်နော်။

ရခိုင်တံငါသည် ဟင်း
ရိုးရာအစားအစာနှစ်သက်သူတွေ အကြိုက်တွေ့မယ့် ရခိုင်စာ တံငါသည်ဟင်း ချက်စားကြည့်ကြမယ်နော်။

(ပါဝင်ပစ္စည်းများ)...


ခုံး
ကဏန်း
ပုစွန်
ပြည်ကြီးငါး
ပင်စိမ်း
ခရု
ခုံးယောင်းမ
မန်ကျည်းသီး
ငါး
စပါးလင်
ကြက်သွန်မြိတ်
နံနံပင်

ပြုလုပ်ပုံအဆင့်ဆင့်

ဒီဟင်းရဲ့ အဓိကပစ္စည်းတွေဖြစ်တဲ့ ခုံး၊ ကဏန်း၊ ပုစွန်၊ ပြည်ကြီးငါး၊ ဂုံးယောင်းမ၊ ငါး၊ ခရုတစ်မျိုးစီကို အရင်ဆုံး ရေဆေးထားပါ။ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပြီး ဆူလာရင် သန့်စင်ထားတဲ့ ငါးတွေ၊ ပုစွန်တွေကို အကုန်ထည့်လိုက်ပါ။ အဆင်သင့် ဖျော်ထားတဲ့ မန်ကျည်းနှစ် အနည်းငယ်၊ ဆားနဲ့ ကြက်သားမှုန့် တို့ကို အရသာ အနေတော်ဖြစ်အောင် ထည့်ပါ။ ထည့်ထားတဲ့အသားတွေ ကျက်အောင် ခဏလောက် ထားပါ။ အသားတွေကျက်လောက်ပြီဆိုမှ ပင်စိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ စပါးလင် နဲ့ နံနံပင်တို့ကို အပေါ်ကနေ အုပ်ပြီး ထည့်လိုက်ပါ။ ဒါဆို ရင်တော့ ရနံ့မွှေး ကြိုင်ပြီး မြင်သူသွား ရည်ယိုသွားမယ့် တံငါသည်