မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 1 April 2013

ပင်လယ်စာ ကဏန်းပေါင်း

ပင်လယ်စာ ကဏန်းပေါင်း

ပါဝင်သော ပစ္စည်းများ

ကဏန်း

ပုစွန်

ပြည်ကြီးငါး
ချင်း
ကြက်သွန်မြိတ်
ကြက်သွန်နီ
ဝိုင် အရက်
ကြက်သွန်ဖြူ
ပဲငံပြာရည်
ငရုတ်ကောင်း

ပြုလုပ်ပုံအဆင့်ဆင့်

ဟင်းပွဲရဲ့ အဓိကပစ္စည်းတွေထဲက ဦးဆုံးကဏန်းကိုအခွံခွာပြီး သန့်စင် ထားပါ။ပြီးမှ ပုစွန်နဲ့ ပြည်ကြီးငါးကို ရေဆေးပါ။

ကြက်သွန်နီနဲ့ ကြက်သွန်မြိတ်ကို အနေတော်လှီးပြီး ချင်းနဲ့ ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် ကဏန်း၊ ပုစွန်၊ ပြည်ကြီးငါးတွေကို ပေါင်းမယ့်အိုးထဲကိုထည့်၊ ပဲငံပြာရည်၊ ငရုတ်ကောင်း၊ ကြက်သားမှုန့်၊ဆီမွှေး၊ ဝိုင်အရက် အနည်းငယ်စီထည့်ပြီး ပေါင်းပါ။

နောက်ဆုံးမှာမှ ကြက်သွန်မြိတ်၊ ကြက်သွန်နီနဲ့ ထောင်းထားတဲ့ ချင်းနဲ့ ကြက်သွန်ဖြူကို ထည့်ပြီးပေါင်းလိုက်ပါ။ ဆီမွှေးနံ့သင်းပြီး ငရုတ်ကောင်းနံ့ ထွက်လာပြီဆိုရင်တော့ သုံးဆောင်နိုင်ပါပြီ။