မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

ဖြစ်ခေါင့်ဖြစ်ခဲ ရောဂါခံစား နေရသော်လည်း မိမိ အသက်ကို မငဲ့ကွက်ဘဲ ရင်သွေးငယ်ကို မွေးဖွားခဲ့သည့် မိခင် တစ်ဦး၏ ကြီးမားသော မေတ္တာ

တရုတ် နိုင်ငံတွင် ဖြစ်ခေါင့်ဖြစ်ခဲ ရောဂါတစ်မျိုး ဖြစ်သည့်

မွေးရာပါ ကျောရိုးနဗ့်ကြော အတွင်းရှိ ဆဲလ်များ သေဆုံးပြီး ကြွက်သားများ အားနည်း လာသည့်ရောဂါ (SMA) ခံစားနေရ သော အမျိုးသမီး တစ်ဦးသည် ရင်သွေးငယ် ကို အောင်မြင်စွာ မွေးဖွား ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။မိခင် ဖြစ်သူက ရင်သွေးငယ်ကို မွေးဖွားသည် ဆိုခြင်းမှာ ထူးဆန်းလှသည့် ကိစ္စ မဟုတ် သော်လည်း လူယွမ်ဖန် ဆိုသူ အမျိုးသမီး အတွက်ကမူ အလွန်ပင် ခက်ခဲ ခဲ့ပါသည်။

လူသည် သူမ ရင်သွေးငယ်ကို ပေကျင်းမြို့ရှိ Avitation အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဇန်နဝါရီ ၃ဝ ရက်က လမစေ့ဘဲ မွေးဖွားခဲ့သည်။ ယင်းကလေး ငယ်ကို ဆရာဝန် များက မွေးကင်းစ ကလေး အထူး ကြပ်မတ်ဆောင် ၌် လေးရက်ြကာ ပြုစု ပေးပြီးနောက် မိခင် ဖြစ်သူနှင့် တွေ့ဆုံပေးခဲ့ ရာတွင် သူမ၏ သားငယ်လေးကို အခြား မိခင်များ ကဲ့သို့ မပွေ့ချီနိုင် ခဲ့ပေ။ ကလေးငယ်၏ ပါးနှင့် နားရွက် ကလေးများကို သူမ၏ လက်ချောင်း ကလေးများဖြင့် ပွတ်သပ် ပေးနိုင်ခဲ့သည်။


SMA ရောဂါ ခံစားရသူ အမျိုးသမီး တစ်ဦးထံမှ ရင်သွေးငယ်ကို ယခုကဲ့သို့ အောင်မြင်စွာ မွေးဖွား ပေးနိုင်မှုသည် ကမ္ဘာ တစ်ဝန်းတွင် ဖြစ်ခေါင့် ဖြစ်ခဲရှိသော ဖြစ်ရပ်များထဲ တစ်ခုဖြစ်နိုင် ကြောင်း သို့မဟုတ် ကမ္ဘာပေါ်တွင် တစ်ခု တည်းသော ဖြစ်ရပ်ပင် ဖြစ်နိုင်ကြောင်း ဆရာဝန် များက ပြောကြားသည်။

ယခု ဖြစ်ရပ်နှင့် တူညီသော ဖြစ်ရပ်မျိုးမှာ အလွန် ရှားပါးကြောင်း၊ ဆေးရုံများတွင် သူမ ကဲ့သို့သော မိခင်မှ ကလေးကို မွေးဖွားခြင်းသည် အသက် အန္တရာယ် ကြုံတွေ့ ရနိုင်ကြောင်း၊ တရုတ် နိုင်ငံတွင် SMA ရောဂါရှိသူ လူနာမှ ရင်သွေး ငယ်ကို ယခုကဲ့သို့ အောင်မြင်စွာ မွေးဖွား နိုင်ခြင်းကို မိမိတို့ အနေဖြင့် တစ်ကြိမ် တစ်ခါမျှ မတွေ့ဖူးကြောင်း ဆေးရုံအုပ်ကြီး ကောင်းကိုလန်က ပြောကြားသည်။

SMA ရောဂါ ခံစားရသူ များကို တွေ့ရှိပါက ကလေး မယူကြရန် မိမိတို့အနေဖြင့် အကြံ ပေးလေ့ရှိကြောင်း၊ ကိုယ်ဝန် ဆောင်ခြင်းသည် ၎င်းတို့ ကြွက်သား လှုပ်ရှားမှုကို ပိုမို အားနည်းစေပြီး ကိုယ်အင်္ဂါ သိမ်မှုကို ပို၍ ဆိုးရွားစေကြောင်း၊ ကိုယ်ဝန် ဆောင်ပါက မိခင် ဖြစ်သူ၏ အသက် အန္တရာယ်မှာ အလွန်စိုးရိမ် ဖွယ်ကောင်းကြောင်း၊ ထို့အပြင် မွေးဖွား လာသည့်ကလေးတွင်လည်း SMA ရောဂါ ပါလာနိုင်ကြောင်း ဆေးရုံ အုပ်ကြီးက ပြောကြား သည်။

အသက် ၃၁ နှစ်ရှိပြီ ဖြစ်သော လူသည် ကန်ဆုပြည်နယ် လန်ကျို့မြို့မှ ဖြစ်ပြီး သူမသည် တစ်နေရာမှ တစ်နေရာသို့ သွားလျှင်ပင် ဘီးတပ် ကုလားထိုင်ကို အသုံးပြုသူ ဖြစ်သည်။ သူမနှင့် ခင်ပွန်းသည်တို့ မမျှော်လင့်ဘဲ ကလေးရရှိ ခဲ့ကြရာမှ ကလေးငယ်ကို မစွန့်လွှတ်ဘဲ မွေးဖွားမည်ဟု သူမက ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

ကလေးကို မွေးဖွားရန် ဆုံးဖြတ်ချက် ချပြီးနောက် လူနှင့် ခင်ပွန်းသည် တို့သည် ရင်သွေးငယ်တွင် SMA ရောဂါရှိ၊ မရှိကို ပက်ကင်း ဆေးတက္ကသိုလ် ဆေးရုံကြီး၌ စစ်ဆေးခဲ့ ကြသည။် ကလေးငယ်တွင် SMA ရောဂါ ဖြစ်ပွားမှု မရှိဟု သိရှိပြီး နောက်တွင် မိမိ အနေဖြင့် မွေးဖွားစဉ် သေဆုံးခြင်းနှင့် မွေးဖွားပြီးနောက် သေဆုံးခြင်းတို့ ကြုံတွေ့ ရပါကလည်း မကြောက်ရွံ့ တော့ကြောင်း၊ ရင်သွေးငယ်ကို မွေးဖွားရန် ဆုံးဖြတ်ချက် ချခဲ့ပြီး ရင်သွေးငယ် သည် သူမ၏ မျှော် လင့်ချက် ဖြစ်ကြောင်း၊ သူမ အနေဖြင့် ကောလိပ် တက်နိုင်ခြင်း မရှိခဲ့ ခြင်းကြောင့် တစ်နေ့နေ့တွင် ရင်သွေးငယ် လေးကို ကောလိပ် တက်စေလိုကြောင်း လူက ပြောကြားခဲ့သည်။

ယခု အချိန်တွင် မိခင် ဖြစ်သူနှင့် ကလေးငယ် တို့၏ အခြေ အနေမှာ စိုးရိမ်စရာ မရှိတော့ကြောင်း၊ မိမိ၏ အသက်ကိုပင် မငဲ့ကွက်ဘဲ တုန်လှုပ် ချောက်ချားဖွယ် အတွေ့ အကြုံများ အကြားမှ ရဲရင့်စွာဖြင့် ရင်သွေးငယ်ကို မွေးဖွားခဲ့သည့် လူ၏ မိခင် စိတ်ဓာတ်သည် အလွန် လေးစားဖွယ် ကောင်းကြောင်း မိခင်တို့၏ အနှိုင်းမဲ့ မေတ္တာ တရားကို သတိ မူမိစေရန် ရေးသားတင်ပြ လိုက်ရပါသည်။