ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အထူး သံတမန် ဟောလီးဝုဒ် နာမည်ကျော် မင်းသမီးချော အိန်ဂျလီနာ ဂျိုလီသည် အမျိုးသမီးများသာ သီးသန့် တက်ရောက်နိုင်သည့် အမျိုးသမီး မူလတန်းေ ကျာင်း တစ်ကျောင်းကို
အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ်မြို့၏ အပြင်ဘက်တွင် ဖွင့်လှစ် ပေးခဲ့သည်ဟု အင်တာနက် သတင်းတစ်ပုဒ် အရ သိရသည်။ အဆိုပါ အမျိုးသမီး ကျောင်းတွင် လက်ရှိ ပညာ သင်ကြား နေသည့် မိန်းကလေးငယ် ဦးရေမှာ ၂ဝဝ ဦးနှင့် ၃ဝဝဦးကြားတွင် ရှိသည်ဟု သိရသည်။ အပေးအကမ်း ရက်ရောကာ နိုင်ငံတကာမှ ဒုက္ခသည်များ အပေါ် အကူအညီ ပေးတတ်သူ မေတ္တာ ရှင် ဂျိုလီသည် အာဖဂန် အမျိုးသမီး ကျောင်းကဲ့သို့ပင် အလားတူ အခြားကျောင်းများကို ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိပြီး ယခု ကျောင်းသည် သူမ၏ အစီအစဉ် မြောက်မြားစွာ အနက်မှ ပထမဆုံး အကောင် အထည် ဖော်သည့် ကျောင်း ဖြစ်ကြောင်း သိရသည်။
ဂျိုလီသည် လက်ဝတ်ရတနာ ဒီဇိုင်နာ ရောဘတ် သရိုကော့ပ်နှင့် အတူ သူမကိုယ်တိုင် ဖန်တီးပြုလုပ် ထားသည့် သူမ၏ ကိုယ်ပိုင် လက်ဝတ် ရတနာများကို ပထမဆုံး အကြိမ်အဖြစ် ယခု သီတင်း ပတ် အတွင်း၌ ရောင်းချ သွားမည်ဖြစ်ပြီး လက်ဝတ် ရတနာများ ရောင်းချရာမှ ရရှိလာမည့် အမြတ်အစွန်းများကို ဒုက္ခသည် ကလေးငယ်များ၏ ပညာရေး အတွက် ဖွဲ့စည်းထားသည့် သူမ၏ ပညာရေး ဖောင်ဒေးရှင်း အဖွဲ့အစည်း သစ်သို့ ရာနှုန်းပြည့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
