မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 26 April 2013

“ဘာကိုမှ အပြစ်မမြင်တဲ့သူ”

တစ်ဖတ်သတ်ဆန်တဲ့ သဘောထားမျိုးနှင့် သိမ်းကျူံးပြီး အထင်သေးတဲ့ စကားမျိုးပြောတာ၊ ဂုဏ်နိမ့်သွားအောင် ပြောတာဟာ ကိုယ့်သဘောထား မပြည့်ဝ မရင့်ကျက်တာကို ဖော်ပြရာ ရောက်တယ်။
ကိုယ့်ဂုဏ်သိက္ခာပဲ ထိခိုက်တယ်။ သိက္ခာမရှိဘူး။

သူများကို အထင်အမြင်သေးတဲ့စကားမျိုး ရှုံ့ချတဲ့စကားတွေ ပြောနေတုန်းမှာ ကိုယ့်စိတ်ကို ပြန်ကြည့်ပါ။
ကိုယ့်စိတ်ဟာ ပူလောင်နေတယ်။ တည်ငြိမ်ခန့်ညားမှု မရှိဘူး။
အဲ့ဒီစိတ်ဟာ အဆင့်အတန်းနိမ့်တဲ့ စိတ်မျိုးဖြစ်တယ်။

မွေးလာရင် သေရမှာပဲ။ မသေခင်မှာ အကောင်းဆုံးနေသွားမယ်။
စိတ်အချမ်းသာဆုံးနေမယ်။ အဲ့ဒီလိုနေနိုင်အောင် ကောင်းတာတွေ လုပ်မယ်။
လုပ်သင့်တာတွေကို လုပ်မယ်။

ဆရာတော် ဦးဇောတိက