မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 1 April 2013

ပိတောက် သစ္စာ

၁။ တစ်နှစ်မှာ တစ်ခါ၊
တစ်လမှာ တစ်ရက်၊
တစ်ရက်မှာ တစ်မနက်သာ
အလှဆင်ခွင့် ရပေမယ့်
ငါ့သစ္စာကို သွေမဖီ ချင်ဘူး၊

ရွက်နုဝေပြီးရင် ငုံဖူးမယ်၊
ငုံဖူးပြီးရင် ပွင့်မယ်၊
ပွင့်ရင်းနဲ့ လောကကို အလှဆင်မယ်၊
ပြီးရင်တော့ လွင့်ကြွေ ရတာ မဆန်းတော့ဘူး၊


၂။ လူသားတွေကတော့
လိမ်ညာလိုက် လှည့်ပတ်လိုက်၊
ကောက်ကျစ်လိုက်၊ ယုတ်မာလိုက်နဲ့
ပြောချင်ရာ ပြော၊
လုပ်ချင်ရာ လုပ်ပြီး
အပြောနဲ့ အလုပ် တစ်ခြားစီ၊

နေရတဲ့ လူ့ဘ၀လေးမှာ
အတ္တ မွေးမြူရေး ကိုယ်စီနဲ့
အချင်းချင်း လှည့်ပတ်နေကြတာ၊

ဘယ်မှာလဲ.. သစ္စာ၊
ဘယ်မှာလဲ .. အကြင်နာ၊
ဘယ်မှာလဲ.. နွေးထွေးတဲ့ ကရုဏာ
ငါ…ရှာဖွေရင်း
တရားကျလိုက်တာ ..

၃။ ကွာခြားချက်က အများကြီး မဟုတ်ပါဘူး
ငါက…
ငါ့ဘ၀ကို စတေးပြီး
လောကကို အလှဆင်တယ်၊
လူတွေက…
အများကို စတေးပြီး
ကိုယ့်အတ္တကို အလှဆင်တယ်၊
လောကကို တစ်ခဏသာ..
အလှဆင်ခွင့် ရပေမယ့်
ငါ.. သစ္စာ ရှိချင်တယ်…