မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 6 April 2013

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနဲ့ လျှောက်ထားရမည်

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနှင့်သာ ဆက်လက် လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
ချပေးမည့် CDMA 800 MHz ဖုန်းများတွင် အင်တာနက်လိုင်း -ပါဝင်မည်မဟုတ်ပဲ သီးခြားလျှောက်ထား
ရမည်ဖြစ်ပြီး လျှောက်ထားရာတွင် GSM ဖုန်းများနည်းတူ ကျပ်တစ်သောင်း ကျသင့်မည်ဖြစ်ကြောင်းသိရသည်၊၊
               
         ယင်းကဲ့သို. CDMA ဖုန်းများအများအပြားထပ်ချပေးသော်လည်း အင်တာနက်မြန်နှုန်းကတော့ လတ်တလောတွင် အရမ်းကျဆင်းတာမျိုး မဖြစ်နိုင်ကြောင်း အဆိုပ်တာဝန်ရှိသူက မှတ်ချက်ပြုသည်၊၊
မိုဘိုင်းဖုန်းအများစုသည် SIM ကဒ်ဈေးနိုင်းသာ ချပေးလိုက်သည့်အတွက် အင်တာနက်တပ်ဆင်ခကိုလဲ  လျှော့ချပေးစေလိုကြောင်းသိရသည်၊၊
           လက်ရှိအသုံးပြုနေသည်. GSM, WCDMA  အင်တာနက်တပ်ဆင် အသုံးပြု ခွင့်ပြုထားရာ လူတစ်ဦး ချင်း၏ အင်တာနက်အသုံးနှုန်းသည် လွန်ခဲ့သည်. နှစ်အနည်းငယ်ကထက် အဆပေါင်းများစွာ မြင့်တက်လာကြောင်း သတင်းရရှိသည်၊၊