မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 6 April 2013

အာကာသတွင် လူသားများ အခြေချ နေထိုင်နိုင်မည့် ပထမဆုံး ကြိုးပမ်းမှု NASA အဖွဲ့စီစဉ်

အာကာသ အတွင်း၌ လူသားများ ကာလ ရှည်ကြာစွာ အခြေချ နေထိုင်နိုင်ရေး ကြိုးပမ်းချက်  တစ်ရပ် အနေဖြင့် အမေရိကန် အာကာသ အေဂျင်စီ NASA အဖွဲ့သည် အလွန် ကြီးမားလှသော

ရှုံ့ကြိုး အိတ် ကြီးဖြင့် ကမ္ဘာဂြိုဟ် အနီးရှိ ဥက္ကာခဲ တစ်လုံးကို ဖမ်းယူပြီး ၎င်း ဥက္ကာခဲကို လအနီးရှိ လပတ်လမ်းသို့ ဆွဲခေါ် သွားကာ လူသားများ အနေဖြင့် ၎င်းနေရာသို့ သွားရောက် လည်ပတ်နို င်ပြီး  အနီး ကပ် လေ့လာကြည့်ရှု နိုင်မည့် စီမံကိန်း တစ်ခုကို စီစဉ်လျက် ရှိသည်ဟု သိရသည်။ ယင်း စီမံကိန်းကို အကောင်အထည် ဖော်နိုင် ရန် ၎င်းတို့အတွက် ထပ်မံ လိုအပ်မည့် ဘတ်ဂျက်ငွေ အမေရိကန် ဒေါ်လာသန်း ၁ဝဝ ကို ကွန်ဂရက် လွှတ်တော်သို့ နာဆာအဖွဲ့မှ တင်သွင်းတောင်းဆို ထားကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို ကာလီ ဖိုးနီးယား နည်းပညာ တက္ကသိုလ်  ကက်ခ် အာကာသ လေ့လာရေး အဖွဲ့မှ   ပညာရှင်များက ၂ဝ၁၂ ခုနှစ် တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ ရည်ရွယ်ချက်မှာ မောင်းသူမဲ့ အာကာသယာဉ် တစ်စီးကို အသုံးပြု၍ ၎င်း ဂြိုဟ်ပတ်လမ်း အတွင်းမှ အချင်း ၇ မီတာနှင့် အလေးချိန် တန် ၅ဝဝ ရှိသည့် ဥက္ကာခဲ တစ်လုံးကို ဆွဲယူ သွားကာ လအနီးရှိ ဂြိုဟ်ပတ်လမ်း အတွင်း၌ ရပ်တန့်ထားရန် ဖြစ်ပြီး ၎င်း နေရာတွင် အာကာသ ယာဉ်မှူး များသည် ဆယ်စုနှစ် တစ်ခုကြာ နေထိုင်မည့် နေရာတစ်ခု အဖြစ် အသုံးပြု၍ လေ့လာမှုများကို ပြုလုပ် သွားရန်ဖြစ်သည်။ ယင်း စီမံကိန်း အတွက် စုစုပေါင်း ကုန်ကျစားရိတ် အဖြစ်  အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၅ ဘီလီယံ သုံးစွဲ ရမည်ဟု တွက်ချက် ထားကြောင်းနှင့် စီမံကိန်းကြီး ပြီးမြောက်ရန်မှာ အချိန် ၁ဝ နှစ် ကြာမြင့်မည်ဟု သိရသည်။ ၎င်း စီမံကိန်းသည် ၂ဝ၂၅ ပြည့်နှစ် အရောက်တွင် ကမ္ဘာဂြိုဟ် အနီးရှိ ဂြိုဟ်သိမ ဂြိုဟ်မွှား အနီးသို့ အာကာသယာဉ် မှူးများကို  စေလွှတ်မည့်  သမ္မတ အိုဘားမား၏ စီမံကိန်းများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး အာကာသတွင် ကာလ ရှည်ကြာစွာ အခြေချ နေထိုင်ရန် အတွက် ပထမဆုံး ကြိုးပမ်းချက် တစ်ရပ် ဖြစ်သည်ဟု သိရသည်။