မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

မြန်မာကျပ်ငွေ သိန်း ၃၀၀ တန် Lamborghini စက်ဘီး

မြန်မာကျပ် သိန်း ၃၀၀ တောင်ပေး ရမယ့်ဟာက ကားမဟုတ်ပဲ စက်ဘီး ဖြစ်နေပါတယ်။

စာဖတ် သူတို့ကော သိန်း ၃၀၀ ဆိုရင်ဝယ် မှာပါလား။ ဒါတောင် မူရင်း ရောင်းဈေးပါ။ အီတလီ ကနေ မြန်မာပြည် အရောက် ပို့ပေးဖို့ ဆိုရင် ကုန်ကျစရိတ်က ၂ ဆတောင် ဖြစ်ချင်ဖြစ် သွားပါ အုံးမယ်။

အီတလီ Lamborghini ပြိုင်ကားထုတ်လုပ်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ် အနေနဲ့ ထုတ်လုပ်လိုက်တဲ့ စက်ဘီး ဖြစ်ပါတယ်။ ဈေးကြီးရတဲ့ အကြောင်း အရင်းက ဒီလိုပါ။ သူ့မှာ သုံးထားတဲ့ ကာဘွန်ဖိုက်ဘာက နယ်နယ်ရရ မဟုတ်ပါဘူး။ ကမ္ဘာမှာ အစီး ၂၀ ပဲထုတ်ခဲ့တဲ့ Lamborghini Aventador ပြိုင်ကားမှာ အသုံးပြုတဲ့ ကာဘွန်ဖိုက်ဘာကို ပြန်သုံး လို့ ဖြစ် ပါတယ်။


အစီးရေကလည်း အရေအတွက် ကန့်သတ်ချက်နဲ့ပါ။ စုစုပေါင်း အစီး ၅၀ သာ ထုတ်ပြီး ဦးရာလူ စနစ်နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုးရိုး ဂီယာ ဘီးတစ်စီးပေမယ့် Lamborghini ရဲ့  အရိပ် အယောင်နဲ့ တံဆိပ်များ ပါနေတော့ ကန်ဒေါ်လာ ၃၂၀၀၀ မကပဲ ၃သိန်းကျော်လည်း စိတ်ဝင်စားမယ့် သူ များပြားကြောင်း သိရပါတယ်။