မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

Glaxy Note တို့ထက် ပိုကြီးသော Galaxy Mega - Samsung ထုတ်မည်

Samsung Galaxy Note 2 တောင် ကြီးလှပြီ ထင်တာ တရုတ် Huawei က Ascend Mate ၆ လက်မကျော် စမတ်ဖုန်း ထုတ်တော့ Samsung က အကျော မခံပါဘူး။

ဂလက်ဆီပေါင်း မြောက်များစွာ ပိုင်ဆိုင် ထားသည့်တိုင် နောက်ထပ် ဂလက်ဆီ မျိုးဆက်တွေ မွေးထုတ်ပေးဖို့ Samsung တို့ ဝန်မလေးပါဘူး။ အမည်ကိုတော့ Samsung Galaxy Mega လို့ အမည်ပေး ထားပါတယ်။ ၅.၈ လက်မ တစ်မျိုး၊ ၆.၃ လက်မ တစ်မျိုး စုစုပေါင်း နှစ်မျိုးနှစ်စား ထုတ်လုပ်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းများ ဖြစ်လာ စေအုံးမယ်လို့ ဆိုပါတယ်။


Samsung ကတော့ တရားဝင် မကြေညာ သေးပါဘူး။ သို့ပေမယ့် Galaxy Mega သတင်းကတော့ နေရာတိုင်းမှာ ပြန့်နေပြီ ဖြစ်ပါတယ်။ 1080P HD resolution ထောက်ပံ့နိုင်မယ့် ကမ္ဘာ့အဆင့်မြင့် စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ အရွယ်ကြီးပေမယ့် ကြီးသလောက် အဆင့်မြင့်မယ့်ဖုန်း ဖြစ်ပါတယ်။ စမတ်ဖုန်း အနေနဲ့ ထုတ်လုပ်မယ့် Mega ကို ၅.၈ လက်မ ဗားရှင်းအား GT-19152, ၆.၃ လက်မ ဗားရှင်းအား GT-19200 လို့ အမည် ပေးထားကြောင်း သိရပါတယ်။