မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)
မူလစာမျက်နှာ
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အနုပညာသတင်း
ဘာသာရေး
ပရိတ်တော်- ဂါထာတော်များ
ကျန်းမာရေးသတင်း
နည်းပညာသတင်း
MP4 မြန်မာ
ဟင်းချက်နည်းများ
ပုံပြင်တိုစလေးများ
နည်းပညာ
ဓမ္မကဗျာလေးများ
ကဗျာ
ဗဟုသုတ
သြဝါဒများ
Tuesday 7 May 2013
သူစိမ်းကောင်း တယ်ဆိုတာ မိဘဆိုးသလောက် ပဲရှိပါတယ် မြင့်မြတ်
လူတိုင်းလူတိုင်းမှာ ဆယ်ကျော်သက် ဘဝက ဖြစ်ချင်ခဲ့ တဲ့ စိတ်ကူးတွေ၊ မျှော်လင့်ချက် တွေရှိခဲ့ကြမယ် ထင်ပါ တယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တချို့လည်း စိတ်ကူးနဲ့ ထပ်တူမကျ တဲ့လက်တွေ့ ဘဝကို ရောက်နေကြရတာ တွေရှိပါ တယ်။ ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာ ဘယ် လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာ ရှင်များရဲ့ဆယ်ကျော် သက်ဘဝက စိတ်ကူးတွေ အကြောင်းကို တင်ဆက်ပေး လိုက်ပါတယ်။ စိတ်ကူးခဲ့ တာ၊ ဖြစ်ချင်ခဲ့တာ မရှိဘူးငါ ဘာဖြစ်ရမယ်၊ ညာဖြစ်ရ မယ်ဆိုပြီး စိတ်ကူးတာမျိုး ကျွန်တော့်မှာ မရှိခဲ့ဘူး။ ဒါပေမဲ့ အရွယ်ရောက် လာတဲ့အခါမှာ ကျွန်တော့် ရဲ့မိသားစုကို စိတ်ချမ်းသာအောင် ထားမယ် ဆိုတဲ့စိတ် ကတော့ ရင်ထဲ မှာ အခိုင်အမာ ရှိခဲ့ပါတယ်။ အနုပညာ အလုပ်ကတော့ ဝါသနာလည်း ပါသလို စားဝတ်နေ ရေးကြောင့်လည်း လုပ်ဖြစ်ခဲ့တာပါ။ မိဘိဘ ဆိုတိတာ ပဲ့ကိုင်သူပါ ဆယ်ကျော်သက် အရွယ်တုန်း က ထိန်းချုပ်တာ မခံရပေမယ့် ဆုံးမ တာတို့၊ ချုပ်ခြယ်တာ တို့တော့ရှိခဲ့ တယ်။ ဒါကလည်း မိဘတိုင်းက ကိုယ့်သားသမီး လမ်းမှားရောက်မှာ စိုးလို့ပဲ့ကိုင် ထိန်းပေးတဲ့ သဘောပါ။ မိဘဆိုတာ ပဲ့ကိုင်သူပါပဲ။ ဒါပေမဲ့ လွတ်လပ်သင့် သလောက်လွတ်လပ် မှုပေးတဲ့အတွက် ခုလိုမျိုးသရုပ် ဆောင်တစ်ယောက် ကျွန်တော်ဖြစ် လာတာပါ။သူစိမ်းကောင်းတယ်ဆိုတာ မိဘတွေဆိုးသလောက်ပါ မိဘဆိုတာ ဘယ်လိုမှအမှားမ ရှိပါဘူး။ သူစိမ်းကောင်းတယ်ဆို တာ မိဘတွေဆိုး သလောက်ပဲရှိပါ တယ်။ ဒါပေမဲ့ ကောင်းဖို့ထိန်းချုပ် တဲ့နေရာမှာ အတိုင်းအတာတစ်ခု အထိတော့ လွတ်လပ်မှုပေးသင့်ပါ တယ်။ မိဘတွေ မှားတယ်ဆိုရင် ဂရုဏာ အမှားပဲဖြစ်မှာပါ ဘယ်မိဘမှ ကိုယ့်သားသမီး အတွက် မကောင်းတဲ့ အကြံမျိုးမရှိ သလို လုပ်လည်းမ လုပ်ပါဘူး။ မိဘ တွေမှားခဲ့ တာရှိတယ် ဆိုရင်တောင် ဒါက ကရုဏာ အမှားပါ။ မိဘတွေ ရဲ့စေတနာကိုသာ လူတိုင်းနား လည်သိတတ် မယ်ဆိုရင် လောက ကြီးက အရမ်းကိုစိတ်ချမ်းသာဖို့ ကောင်းသွားမှာပါ။ လုပ်ချင်တာကို မဆိုင်းမတွ ဘဲနဲ့လုပ်ပါ ကြိုးစားပါ။ ရတဲ့အခွင့်အရေး ကို အကောင်းဆုံး အသုံးချပါ။ ကိုယ် ဖြစ်ချင်တဲ့အရာ၊ စဉ်းစားထားတဲ့အ ရာရှိတယ်ဆိုရင် မဆိုင်းဘဲနဲ့ ချက် ချင်းထလုပ်ပါ။ အဓိကကတော့ "လူ့အောက်ကျို့လို့လူမသေပါဘူး"။
Newer Post
Older Post
Home