မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Tuesday 7 May 2013

အချစ်ရေး ကောလာဟလ စိုးမြတ်သူဇာ ဖြေရှင်းပြီ


စိုးမြတ်သူဇာက လတ်တလောမှာ ဒါရိုက်တာသား ကြီးရိုက်ကူးတဲ့ 'ယောက္ခမ အလွမ်း (ယာယီ)' ဇာတ် ကားမှာ ဖြိုးငွေစိုး၊ ပြည့်ဖူးခိုင် တို့နဲ့ သရုပ် ဆောင်နေ ပါတယ်။ ဆံပင်အတို ညှပ်ထား တာတွေ့ရပြီး ရာသီ ဥတု ပူတဲ့အတွက် ခေါင်းသွားလျှော် ရင်းနဲ့ ညှပ်ဖြစ် သွားတာဖြစ် ကြောင်းပြော ပါတယ်။

သူငယ်ချင်း မြတ်ကေသီအောင်ရဲ့ မွေးနေ့မှာလည်း သူငယ်ချင်းတွေ စုပြီး ပျော်ပျော် ပါးပါး နေတာ တွေ့ရသလို၊ ချစ်သူများနေ့မှာလည်း သူငယ်ချင်း တွေနဲ့သာ ပျော်ခဲ့တဲ့ ပုံတွေကို ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။ ဒီလိုပဲ သူငယ်ချင်းတွေ၊ မိသားစုတွေ နဲ့သာ နေသွားတော့မှာလား၊ ဘဝ လက်တွဲဖော် မရှာတော့ဘူးလားလို့ မေးတော့ စိုးမြတ်သူဇာက ''ဒီ အသက်အရွယ်ပဲ ရောက်နေပါပြီ။ အခု အချိန်ထိ အိမ်ထောင်ပြုဖို့ဆိုတာ စဉ်းကို မစဉ်းစားပါဘူး''လို့ပြောပါ တယ်။ တချို့က အသက် ၄ဝ ကျော်မှ ဘဝက စတယ်လို့ ပြောကြတဲ့အတွက် အခု အရွယ်မှာ အဲဒီ စကား အပေါ် ဘယ်လို ထင်မြင် မိလဲလို့ မေးတော့ စိုးမြတ်သူဇာက..
''ကျွန်မအတွက် ကတော့ သိပ်မထူးခြား ပါဘူး။ ၄ဝ မှာ ဘဝစတယ်လို့ ပြောလေ့ပြော ထရှိပါ တယ်။ မိကေ (မြတ်ကေသီအောင်) ဆို ဟိုတစ်နေ့ က ၄၁ နှစ်ပြည့်တယ်။ သူကသူ့ ဘာသာသူ ရယ်စရာ အမြဲပြောတယ်။ ငါက အခုမှ တစ်နှစ်သမီးပဲ ရှိသေး တယ်။ ကလေးပဲရှိသေးတာတဲ့။
ကျွန်မကကျတော့ ၈ လပိုင်းဆိုရင် ၄၂ နှစ်ပြည့်ပြီ။ ကျွန်မအတွက် ဘာမှမ ထူးခြားဘူးဆိုတာက အမှန်အတိုင်းပြောရရင် အခုအ ချိန်မှာ ငယ်ငယ်တုန်းကနဲ့လည်း တူစရာ အကြောင်းမ ရှိဘူး။ ကျွန်မကို သူများတွေကပြောကြတယ် ။ ကောလာဟလအနေနဲ့ ဘယ်သူနဲ့ပတ်သက်တယ်၊ ဘယ် သူနဲ့ဘယ်လို ဆိုပြီး ပြောကြတယ်။ ကျွန်မအားလုံးကို ခင်ခင်မင်မင်ဆက်ဆံတာပဲရှိတယ်။ ဘယ်သူ့ဘယ်သူနဲ့မှ တုပ် နှောင်ထားခြင်း၊ ချည်နှောင် ထားခြင်း၊ ဘယ်သူ့ကိုမှ ချုပ်ကိုင်ထားခြင်း ကျွန်မမှာလည်းမရှိဘူး။ ကျွန်မကိုလည်း ဘယ်သူကမှ ကွန်ထရိုးလုပ်ထားခြင်း မရှိဘူး။ ဟိုဟာမလုပ်ရဘူး၊ ဒီဟာ မလုပ်ရဘူးလို့ ပြောမယ့်လူမရှိဘူး။ ကျွန်မအနားမှာရှိတဲ့ လူတော်တော်များများကတော့ သိပါတယ်။ ရည်းစားရှိလားလို့ အမေးခံရတာ ရှက်ဖို့ကောင်း ပါတယ်။ ဒီအရွယ်ကြီးကျမှ ရည်းစားရှိလားဆိုတဲ့ စကားကို ပြောကိုမပြောချင်တာ။ ချစ်သူရှိလားတို့၊ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့လူရှိလားလို့ မေးကြတယ်။ တစ်ယောက်မှမရှိဘူး။ ကြားနေရတဲ့ကောလာဟလ သတင်းတွေနဲ့ ပတ်သက်လို့ အဲဒါတွေလည်း လုံးဝမဟုတ်ပါဘူး။ အချစ်ရေးအကြောင်းတွေလည်း မပြောချင်ပါဘူး။
မပြောချင်ပေမယ့်လည်း အများကြီးမေးလာတဲ့အခါကျတော့ ကျွန်မအနေနဲ့ပြောရမယ့်ဝတ္တရား ရှိပါတယ်။ မပြောဘဲ ဆိတ်ဆိတ်နေရင် ဝန်ခံသလိုဖြစ်မှာစိုးလို့ ကျွန်မဘက်ကတော့ ဘယ်သူ့ဘယ်သူ့ကိုမှ မနစ်နာစေချင်ဘူး။ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးပြောနေတာမဟုတ်ဘူး။ ကြားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လုံးဝလုံးဝမဟုတ်ပါဘူးလို့ အတိအလင်းငြင်းဆိုပါတယ်"လို့ အခု လတ်တလောမှာကြားနေရတဲ့ သူ့ရဲ့ အချစ်ရေးကောလာဟလတွေနဲ့ ပတ်သက်ပြီး အခုလို အတိအလင်း ငြင်းဆိုခဲ့ပါတယ်။ အရင်ကထက်စာရင် စိတ်ကို ပေါ့ပေါ့ပါးပါးပဲထား ပြီး ဘဝက ကျေနပ်ဖို့ကောင်းပါတယ်လို့ ဆိုတဲ့ စိုးမြတ်သူဇာက ''အရင်ကထက်စာရင် ပိုပြီးပေါ့ပေါ့ပါးပါးနေ တတ်လာသလိုပဲ။အရင်ကတော့ တအားတွေးတယ် လေ။ အခုတော့ သိပ်မတွေးတော့ဘူး။ နောင်ရေးတို့၊ ရှေ့ရေးတို့ သိပ်အများကြီး မစဉ်းစားတော့ဘူး။
ကျွန်မမှ ချစ်စရာ ကောင်းတဲ့ ကလေးလေးနှစ်ယောက် ရှိတယ်။ ခင်မင်စရာကောင်းတဲ့ မိတ်ဆွေကောင်းတွေရှိတယ်။ တော်ပြီလေ။ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လေးတစ်ခုရှိတယ်။ ကျေနပ်ဖို့ကောင်းပါတယ်။ ကျွန်မအတွက် အဆင်ပြေပါ တယ်။ အစတုန်းကတော့ ရည်ရွယ် ချက်တွေ၊ တွေးခဲ့ဖူးတာတွေ အများကြီးပါ။ အလကားပါပဲ။ အဲဒါတွေလည်း ဖြစ်ချင်တိုင်းဖြစ်တာမှ မဟုတ်တာ။ မဖြစ်လို့ဆိုပြီး ကျွန်မက ဘယ်တော့မှ တမ်းလည်း တမ်းတမှာမဟုတ်ဘူး။ နောင်တလည်း မရဘူး။ ပြန်လည်းတွေးမှာ မဟုတ်ဘူး။ ဖြစ်လာတဲ့အနေအထားပေါ် မူတည်ပြီး အကောင်းဆုံး ကျင့်ကြံနေထိုင်သွားမှာပဲ။ အားလုံးနဲ့ ပြေလည်အောင်ဆက်ဆံသွားမှာပဲ'' လို့ပြောပါတယ်။