မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday 20 May 2013

ခန္ဓာကိုယ်မှာ အလှဆုံး အစိတ်အပိုင်းဆိုရင် မျက်လုံးလို့ထင်တဲ့ အိချောပို

လူသန်းပေါင်း ခြောက်ဆယ်ထဲမှာ အောင်မြင် ကျော်ကြားတဲ့ သူ တစ်ယောက် ဖြစ်ဖို့ ဆိုတာက တ ကယ်ကို မလွယ်လှတဲ့ ကိစ္စရပ်ပါ။ အောင်မြင် ကျော်ကြား သူတွေမှာ ဘယ်လို ကိုယ်ရည် ကိုယ်သွေးတွေ ပိုင်ဆိုင် ထားလဲ၊ သူတို့က ဘယ်လို အကြောင်းအရာ တွေပေါ်မှာ အသေးစိတ် အာရုံစိုက် ပြင်ဆင်ထား လဲဆိုတာ စိတ်ဝင် စားစရာပါပဲ။ Q. ဘာကြောင့် အောင်မြင်လာတယ်လို့ ထင်လဲ။
A. ဘာကြောင့် အောင်မြင် လာတယ်လို့ ထင်လဲဆိုရင် အိချော ရဲ့ အနုပညာ စန်းလေးရယ်၊ ကြိုးစား မှုလေးရယ်၊ အနုပညာ သမားတွေ အားလုံး ဝိုင်းဝန်း ပံ့ပိုးမှုကြောင့်လို့ ထင်တယ်။
Q. ကိုယ့်ကို ပရိသတ်တွေက ဘာကြောင့် ကြိုက်တာလဲ။
A. ပရိသတ် တော်တော်များ များကို မေးမှသိမယ် ထင်တယ်။ အိ ချောတော့ သိပ်မပြော တတ်ဘူး။
Q. ရှုတင်မိတ်ကပ် လိမ်းရတာကို ကြိုက်လား၊ မကြိုက်ဘူးလား။
A. ဒီအတိုင်းနေရင် မိတ်ကပ် တောင်မလိမ်း ဖြစ်ဘူး။ ဒီအတိုင်းပဲ နေဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်မှာ တော့ မိတ်ကပ် လိမ်းတယ်။ အထူ ကြီးလိမ်းလို့ မရပေမယ့် လိုအပ်တယ် လေ။ သဘာဝ လေးလည်းကျ အောင် လိမ်းတယ်။ Q. ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ အလှဆုံးလို့ သတ်မှတ်ထားတဲ့ အစိတ်အပိုင်း တစ်ခုကို ပြောပါဆိုရင်။
A. အိချော ခန္ဓာကိုယ်မှာ အ လှဆုံး အစိတ်အပိုင်း ဆိုရင် ကိုယ့် ကိုယ်ကိုယ်တော့ မျက်လုံးလို့ထင် ပါတယ်။
Q. ဒိုင်ယာလော့ခ် ချပေးရင် လွယ်လွယ်နဲ့ ရတတ်သူလား။
A. အရမ်းရှည်ရင်တော့ သုံး လေးခေါက်လောက် ပြန်မေးရတယ်။ ဒီအတိုင်းပဲ ဆိုရင်တော့ ကိုယ့်ဘာ သာကိုယ် ရလွယ်တယ်လို့ ထင်တာ ပဲ။
Q. တစ်ယောက်တည်း နေရင် ဘာလုပ်လဲ။
A. တစ်ယောက် တည်းနေရင် ဓာတ်ပုံတွေ ရိုက်တယ်။ အဝတ်အ စားတွေ အမျိုးမျိုး ဝတ်ပြီးတော့ ကင်မရာ ထောင်ပြီး အိုက်တင်တွေ အမျိုးမျိုးနဲ့ ဓာတ်ပုံ ရိုက်တယ်။ သီချင်းတွေ အကျယ်ကြီး အော်ဆိုတယ်။