မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday 20 May 2013

သင်ဇာဝင့်ကျော်ပြောတဲ့ အချစ်အကြောင်း

မင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုး သင်ဇာ ခံစားဖူးလား။ မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ စားမှုမျိုးတော့ မခံစားဖူးဘူး။ လူတစ်ယောက်ကို မြင်သွား တယ် ဆိုရင်လည်း ဒါသူ့ကို ကြိုက်သွားတာ မဟုတ်ဘူး။ သူ့ရဲ့ နေထိုင်ပြောဆိုမှု အပြုအမူ တွေကို သဘောကျတာ မျိုးပဲ ဖြစ်လိမ့်မယ်။ ချစ်ဖို့ ဆိုတာက သူ့အကြောင်းကိုလည်း ကိုယ်က သိဦးမှ ချစ်မှာလေ။ အဲဒီလောက်ကြီး မြင်မြင်ချင်း ချစ်ရတဲ့ အချစ်မျိုးတော့ သင်ဇာ့ ဘဝမှာ တစ်ခါမှ မကြုံဖူး သေးဘူး။

ဆယ်ကျော် သက်တုန်းက အချစ်ကို ခံစားမိတဲ့ ခံစားမှု မျိုးကရော
............................................................................... 

အဲဒီတုန်း ကတော့ အရမ်းကို Serious ဖြစ်တာပေါ့။ ကိုယ်သ ဘောကျတဲ့ လူတွေ ကိုယ်ကြိုက် တဲ့ လူတွေ ကိုယ့်အနားမှာ ရှိရင် အရမ်း ရင်ခုန်တာမျိုး တော့ရှိတယ်။ ခြေမကိုင်မိ လက်မကိုင်မိ တွေဖြစ်ပြီး ခြေဖျား လက်ဖျားတွေ အေးလာ တယ်။ ငယ်ရွယ်သေးတဲ့ အချစ်ဆို တော့ တည်တည်ငြိမ်ငြိမ် မရှိဘူးပေါ့။ သဘောကျတဲ့ လူတွေကလည်း ဆယ် ကျော် သက်တုန်းက အများကြီးပဲ။

အချစ်နဲ့ အိမ်ထောင်ပြု ခြင်းက ဘယ်လို အချိုးကျလဲလို့ သင်ဇာထင်လဲ
........................................................................................ 

အချစ်မပါဘဲ ယူလိုက်တဲ့ လူတွေလဲ ဥပမာ နှစ်တွေကြာလာ ချစ်ကြတာ မဟုတ်ဘဲ သံယောဇဉ်တွေ ဖြစ်သွားတဲ့ အတွက်ကြောင့် မိုလို့ ဆက်ပြီး တည်မြဲနေတာ၊ ခိုင်မြဲနေတာပေါ့။ ချစ်တယ်ဆိုတာ တကယ်တမ်းကျတော့ ဘာမှအရေး မကြီးတဲ့အရာတစ်ခု။ မိသားစု အ ချစ်၊ ဒါမှမဟုတ် သူငယ်ချင်းအချစ်၊ သင်ဇာအဲဒီလောက်ပဲယုံကြည်တော့ တယ်။ နောက်ပိုင်းအချစ်တွေကျ တော့ သိပ်မယုံကြည်တော့ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ချစ် တယ်ဆိုတာ အစပိုင်းတော့ ချစ်ကြ မှာပါ။ နောက်ပိုင်းကျတော့ ရေရှည် တည်မြဲနေတယ်ဆို တာသံယောဇဉ် ကြောင့်ပါ။

လက်ရှိမှာ လက်ခံထားတဲ့ အချစ်ဆိုတာ မျိုးကရော 
.............................................................
အချစ်ဆို တာမျိုးက တစ်ခါတ လေ လိုအပ်ပါတယ်။ တစ်ခါတလေ လည်း အချစ်မရှိရင် ပျင်းသလိုလို ဖြစ် တယ်။ အချစ်ရှိ ပြန်တဲ့အခါ ကျတော့ လည်း မွှမ်းကျပ်တာတွေ စိတ်ဆင်း ရဲခဲ့ ရတာတွေ၊ စိတ်ညစ် ရတာတွေ ကြုံခဲ့ ရဖူးတယ်။ အဲဒီလို ကြုံခဲ့ရဖူး တယ်ဆိုတော့ သင်ဇာ့ဘဝမှာ ပျော် ပျော်ပဲ နေချင်တယ်။ ၁၅၀ဝ အချစ် မရှိလည်းဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးအခု ဖြစ်နေတယ်။

အချစ်ဇာတ်ကားတွေ သရုပ်ဆောင်တာများလာတော့ အချစ်ကို လက်ခံယုံကြည်တာက 
.........................................................................................................
 
ကိုယ်ကိုယ် တိုင်လည်း မချစ်ဖူး တာမ ဟုတ်ဘူး။ ချစ်ဖူး ပါတယ်။ ကိုယ်ကလည်း ပုထုဇဉ် လူသားဖြစ် နေတဲ့ အတွက် အချစ် ဆိုတာ လူ တိုင်းနဲ့ မကင်းဘူး။ ကိုယ်တကယ် တမ်း ကားရိုက်တဲ့ အခါ အပြင်မှာ ဒီလို ဖြစ်ခဲ့မယ် ဆိုရင် ဘယ်လိုဖြစ် မလဲ ဆိုပြီး အမြဲတမ်း သရုပ်ဆောင် တယ်။ ဒါပေမဲ့ အဲဒီလို မျိုးတွေ ခံစားဖူးလို့ မဟုတ်ဘူး။ မင်းသမီး ဆို တာ ကိုယ်ခံစားဖူးမှ ဒီဟာကို လုပ် နိုင်ရမှာ မဟုတ်ဘူး။ ကိုယ်မခံစား ဖူး လည်း ကိုယ်သာဆို ဘယ်လိုဖြစ်နိုင် မလဲ၊ ဘယ်လို လုပ်မလဲ ဆိုတာကို တွေဆပြီးတော့ လုပ်နိုင်မယ် လို့ သင်ဇာ ထင်တယ်။