ဆား စားမှုများတာကြောင့် နှစ်စဉ် လူပေါင်း ၂ ဒသမ ၃ သန်းခန့် သေဆုံးကြပြီး
သကြား စားသုံးမှု များတဲ့အတွက် သေဆုံးနှုန်းရဲ့ ဆယ်ဆခန့် ပိုများ တယ်လို့
သိရပါတယ်။ ၂၀၁၀ ပြည့်နှစ်အ တွင်း နှလုံးတိုက်ခိုက် ခံရတာ၊ လေဖြတ် တာနဲ့
နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ကြောင့် ကမ္ဘာတစ်ဝန်းမှ သေဆုံးသူတွေ ရဲ့ ၁၅
ရာခိုင်နှုန်းဟာ ဆားစားသုံးမှု များ တာကြောင့်လို့ အမေရိကန် နှလုံးရောဂါ
အဖွဲ့က သုတေသီ တွေက ထုတ်ဖော် ထားပါတယ်။ ဆား စားသုံးမှု များတာ ကြောင့်
သေဆုံးနှုန်းဟာ ယူကရိန်း နိုင်ငံမှာ အမြင့်ဆုံး ဖြစ်ပြီး ကာတာနိုင်ငံမှာ အ
နိမ့်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။
အချိုရည် သောက်သုံး မှုကြောင့် နှစ်စဉ် လူပေါင်း ၁၈၀ဝ၀ဝ ခန့် သေဆုံး
တယ်လို့ ဟားဗက်မှ မကြာခင်က လေ့ လာမှုအရ တွေ့ရှိထားပါတယ်။ ဆား စား သုံးမှု
များတာဟာ အချိုရည် သောက်သုံး မှုများ တာထက် သေဆုံးနိုင်ခြေ ပိုမြင့်မား
ပါတယ်။ အချိုစားသုံးမှု လျှော့ချဖို့ အချို ရည်ကိုသာ ရှောင်ဖို့ လိုအပ်ပြီး
ဆိုဒီယမ် မှာမူ အစာတိုင်းမှာ ပါဝင်နေတဲ့ အတွက် ဆိုဒီယမ်နဲ့ ပတ်သက်ပြီး
ဝန်ထုပ်ဝန်ပိုး ပို များတယ်လို့ သုတေသီ တွေက ဆိုပါတယ်။
ဆားစားသုံးမှု များတာကြောင့် သေဆုံးသူ အားလုံးရဲ့ ၄၀ရာခိုင်နှုန်း (လူ တစ်သန်းခန့်) ဖြစ်ကြပါတယ်။ သေဆုံးသူ တွေရဲ့ ၆၀ ရာ ခိုင်နှုန်းဟာ အမျိုးသား တွေဖြစ်ကြပြီး ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီး တွေလို့ သိရပါ တယ်။ သေဆုံးသူ တွေရဲ့ ၄၂ ရာခိုင်နှုန်း ဟာ နှလုံးတိုက်ခိုက် ခံရတာကြောင့် ဖြစ်ပြီး ၄၁ ရာခိုင်နှုန်းဟာ လေဖြတ်တာ ကြောင့်ပါ။ ကျန်ရှိ သူတွေဟာ နှလုံးသွေးကြော ရောဂါ ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဆား စားသုံးမှု များတာကြောင့် သေဆုံးသူတွေ ရဲ့ ၈၄ ရာခိုင်နှုန်းဟာ ဝင်ငွေကောင်းမွန် တဲ့နိုင်ငံတွေက မဟုတ်ဘဲ ဝင်ငွေအသင့် အတင့်နဲ့ ဝင်ငွေနည်းတဲ့ နိုင်ငံတွေက ဖြစ်ကြတယ်လို့ ဆိုပါတယ်။