မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 8 May 2013

ဆေးဖက်ဝင် ငရုတ်သီး

  • ငရုတ်ပင်ကို ရုက္ခဗေဒ အခေါ်အဝေါ် အရ capsicum annuum ဟု ခေါ်သည်။ ကမ္ဘာပေါ်တွင်  ငရုတ်သီး စားသုံးသူ အတော်များများ ရှိပေသည်။ ကျန်းမာရေး သုတေသီများက ငရုတ်သီး၏ ပါဝင်ပစ္စည်း များကို လေ့လာ စမ်းသပ်ခဲ့ရာ ဗီတာမင် C ၊ သံဓာတ်၊ သတ္တုဓာတ်၊ ကယ်လ်စီ ယမ်ဓာတ်၊ ဗီတာမင် B နှင့် ဖော့စ်ဖောရပ်စ် ဓာတ်တို့် ကြွယ်ဝစွာ ပါဝင်နေကြောင်း တွေ့ရှိရသည်။ ငရုတ်သီးကို သင့်တင့်သည့် ပမာဏ စားသုံးပေး ခြင်းဖြင့် သွေးတိုး ရောဂါ၊ ဆီးချိုသွေးချို ရောဂါနှင့် သွေးတွင်း ကိုလက် စထရောလ် များခြင်းတို့ ဖြစ် နိုင်ခြေကို ထိန်းသိမ်း နိုင်သည်ဟု လည်း သိရသည်။