သင့်မှာ နာတာရှည် ခါးနာသည့် ဝေဒနာကို ခံစားနေရ ပါသလား။ ဒါဆိုရင်
ဆိုဖာပေါ်မှာ ထိုင်မနေ တော့ဘဲ အားကစား ခန်းမသို့ သွားဖို့ အကြောင်း ပြချက်
ကောင်းကောင်း တစ်ခုရပါပြီ။ အားကစား ခန်းမသွားပြီး ပြင်းထန်တဲ့ ကိုယ်လက်
လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကျောရိုးဆစ် ခွဲစိတ်ကုသခြင်း ကဲ့သို့ ခါးနာ
ဝေဒနာကို သက်သာစေနိုင်ပါ တယ်။ အင်္ဂလန် သုတေသီများက အသက် ၁၈ နှစ်မှ အသက် ၅၅
နှစ် အရွယ် လူနာ ၃၄၉ ယောက်ကို လေ့လာဆန်းစစ်မှု တစ်ရပ်ပြုလုပ်ခဲ့ပါ တယ်။
ခါးနာလူနာ တစ်ဝက်ကို ကျောရိုးဆစ် ခွဲစိတ်မှု ပြုလုပ်စေပြီး တစ်ဝက်ကိုတော့ ၃
ပတ်ကြာ ပြင်း ထန်တဲ့ ကိုယ်လက် လေ့ကျင့်ခန်းများ ပြုလုပ်စေ ခဲ့ပါတယ်။
ရလဒ်များကို နှိုင်းယှဉ် ခဲ့တဲ့အခါ ထိုအုပ်စု နှစ်ခုစလုံးမှ လူနာများရဲ့
ခါးနာဝေဒနာ သက်သာ မှုဟာ အတူတူ ပါပဲတဲ့။ ခွဲစိတ်ကုသမှု မခံယူဘဲနဲ့
လေ့ကျင့်ခန်း ပြုလုပ်ပြီး ခါးနာဝေဒနာ သက်သာ နိုင်ပါတယ်။
