မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 6 May 2013

ပန်းနာရင်ကျပ် ရောဂါကို ကာကွယ်နည်းများ

- ဆေးလိပ် မသောက်ပါနှင့်။ ဆေးလိပ် သောက်သူ များနှင့် ဝေးဝေး နေပါ။ စီးကရက် အငွေ့က အသက်ရှူ လမ်းကြောင်း များကို လှုံ့ဆွ ပေးပါတယ်။
- မီးပုံအနီးမှာ ဒါမှမဟုတ် ထင်း နှင့်ချက်တဲ့ မီးဖိုဘေးမှာ မနေပါနှင့်။
-အေးတဲ့ ရာသီမှာ သင့်နှာခေါင်း နှင့် ပါးစပ်ကို ခေါင်းစည်းပဝါ တစ် ထည်နှင့် စည်းပတ် ထားပါ။ အေးစက်တဲ့ လေကို သင်မရှူရှိုက် မိခင် နွေးသွားအောင် လို့ပါ။
-ပန်းနာ ရင်ကျပ် ထစေတဲ့ အရာ များ (Triggers) အတွက် နိုးနိုး ကြားကြား ရှိပါ။ ဥပမာ အားဖြင့် အနံ့ သိပ်ပြင်းတဲ့ အစား အစာများ၊ အနံ့စူးရှတဲ့ ရေမွှေးများ ဖြစ်ပါတယ်။ ယင်းတို့ကို တတ်နိုင်သမျှ ရှောင်ပါ။
-ထမင်းကို ပမာဏ နည်းနည်းနှင့် အကြိမ် များများ ခွဲစားပါ။ အိပ်ရာမဝင် ခင် မစားပါနှင့်။ ရင်ပူနာကို ဖြစ်စေ တဲ့ အစာအိမ် အက်စစ် အပေါ်ဆန် တက်လာခြင်းက ပန်းနာ ရင်ကျပ်ထ ခြင်းကိုလည်း စနက်ပျိုး ပေးနိုင်ပါတယ်။

-Aspirin နှင့် lbuprofen လိုမျိုး စတီးရွိုက် မဟုတ်တဲ့ အကိုက်အခဲ ပျောက်ဆေးများ (NSAIDS) အား ပန်းနာရင်ကျပ် ရှိသူများ၏ ၅ ရာခိုင်နှုန်း လောက်က ဓာတ်မတည့် ကြပါဘူး။ ယင်းလို လူများ အတွက် (NSAIDs) သောက်သုံး ခြင်းက ပန်းနာရင်ကျပ် ထစေ နိုင်ပါတယ်။ သူတို့တွေ အတွက် အက်စ်ပရင်မပါတဲ့ အကိုက် အခဲပျောက်ဆေး တစ်မျိုးဖြစ်တဲ့ Acetaminophen (Tyneno)ကို သုံးပါ။