မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 4 May 2013

မပြန်ချင်တဲ့လမ်း

မပြန်ချင်တဲ့လမ်း


လှပအိပ်မက်ရှည်တွေနဲ့
ကျဆုံးနေခဲ့ရတဲ့ညများ
အပြင်းစားနောင်တတွေကို
မျိုချခိုင်းနေတယ်... ။
ရီဝေစွာမူးယစ်လိုက်ပါကွဲ့
ဒီလိုဖြစ်စေချင်ခဲ့တာ မဟုတ်လား
ခက်တော့ခက်သားနော်...
ခြေချော်လက်ချော် ဆိုတဲ့ ဝေါဟာရ
ကံကောင်းခြင်းဘက်ကလည်း လာဦးမှပေါ့... ။
အဲဒါ... ကျုပ်မရလိုက်တဲ့အရာ
မအံ့သြလိုက်ပါနဲ့ ... ။
အကြိမ်များစွာလှုပ်နှိုးခဲ့ရ
(ကိုယ့်ဘာသာကိုယ်...)
နိုးထလိုက်တဲ့အခါမှာ
အသားမကျစွာပါဘဲ...
စူးရဲတဲ့နေခြည်အောက်
နောက်ကျနေခဲ့ပြီထင်ရဲ့ ... ။
ကိုယ်လက်သန့်စင်လိုက်ကြ
မှန်ရှေ့ကမခွာနိုင်ကြ
ဒီလိုနဲ့
နေ၀င်သွားရ...
ကြုံရဦးမယ့်ညတွေမှာ
လှပတဲ့အိပ်မက်ရှည်တွေ...
ဝေးဝေးနေကြစမ်းပါ...
ဒီမှာ...
နောင်တ ဟာ
ဒဏ်ရာ ရဲ့ အမာရွတ် တဲ့
လမ်းခုလပ်က လှည့်မပြန်ချင်ပါဘူး။ ။


မနော်ဟရီ