မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 4 May 2013

ပန်းလှေ

မော့ကြည့်နေဆဲမှာ
တိမ်တစ်စဟာပျောက်ဆုံးသွားခဲ့
နာကျင်ကိုက်ခဲမှုတွေသာ
ရင်မှာကျန်ရစ်
ပြန်မဖြစ်နိုင်တော့တဲ့ အိပ်မက်တွေကိုတော့
ကြိုးလျော့ဂစ်တာတစ်လက်လို
ပြန်ညှိဖို့ ကြိုးစားနေမိ...
အသိတရားလက်လွတ်စွာလေ... ။
များလိုက်တဲ့မာယာတွေ
ကမ္ဘာမြေက
ဘာလို့များလက်ခံထားတာပါလိမ့်
ငြိမ့်ငြိမ့်သာသာစီးမျောနေတဲ့
ပန်းလှေတွေ
ပန်းတိုင်ကိုအတူရောက်ကာ
ပျော်နိုင်ကြမှာလို့
ဘာလို့များမိုက်မဲစွာ
လက်ခံထားခဲ့မိတာပါလိမ့်။
ခရီးရဲ့တစ်ဖက်တစ်ချက်
ဝဲဂယက်တွေ...
ကမ်းခြေ မြို့တွေ
ပြီးတော့... တိုက်ခိုက်ခံရမှုတွေ
ဒါတွေကို
ဘာလို့မေ့ထားခဲ့မိတာပါလိမ့်။
သတိဝင်လာချိန်မှာ
ပန်းလှေများစွာ
တချို့... ကမ်းကပ်ခဲ့ကြ
တချို့... နစ်မြုပ်ခဲ့ကြ
တချို့... အတူစီးမျောဆဲ
မျက်ဝန်းအသိထဲ
မကြည်လင်စွာ... ။
ဟင့်အင်း
အဲဒါ...
ပန်းလှေပေါ်က မိုးရေစက်တွေမဟုတ်ပါဘူး
ကျွန်မရဲ့မျက်ရည်တွေပါပဲ... ။


မနော်ဟရီ