ဂျပန်နိုင်ငံ အခြေစိုက်ဖုန်း ထုတ်လုပ်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Willcom
အနေဖြင့် အလေးချိန် ၃၂ ဂရမ် သာရှိသည့် ကမ္ဘာ့အသေးဆုံး မိုဘိုင်းဖုန်း
အမျိုးအစားကို ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရသည်။ WXO6A ဟုအမည်
သတ်မှတ်ထားသည့် အဆိုပါ မိုဘိုင်ဖုန်းတွင် တစ်လက်မ အရွယ်အစား ရှိသည့်
ရောင်စုံ OLED မျက်နှာပြင် ပါဝင်ပြီး ယင်းမျက်နှာပြင်မှာ လက်ပတ်နာရီ
အများစုတွင်
အသုံးပြုသည့် အမျိုးအစား ဖြစ်သည်။ ခေါက်နိုင်သည့် အင်တာနက် ပါဝင်ကာ လက်ရှိဈေးကွက် အတွင်း၌ ရောင်းချသော စမတ်ဖုန်း အများစုနှင့် နှိုင်းယှဉ်လျှင် ကလေးဆော့သည့် ကစားစရာနှင့် သာတူကြောင်း ယင်းဖုန်း မိတ်ဆက်ပွဲတွင် ကုမ္ပဏီ အကြီးအကဲက ပြောကြားခဲ့သည်။ လာမည့် ဒီဇင်ဘာလတွင် ယင်း မိုဘိုင်းဖုန်းအား ဂျပန်ဈေးကွက်သို့ တင်ရန်စီစဉ် ထားပြီး ဈေးနှုန်းကို သတ်မှတ်ထာခြင်း မရှိသေးပေ။ အရွယ်အစား သေးငယ်သည့်အပြင် Function ပါဝင်မှု နည်းပါခြင်းကြောင့် ဘတ်ထရီ သတ်တမ်းမှာ ကြာရှည်ခံပြီး စကားပြောချိန် ၂နာရီနှင့် Standby ထားလျှင် နာရီ၃၀၀ ကြာသက်တမ်းရှိ မည်ဖြစ်သည်။ဖုန်း၏ အရွယ်အစားမှာ အလျား ၂ ဒသမ ၇ လက်မ၊ အနံ ၁ ဒသမ ၂၅ လက်မနှင့် အထု ၀ ဒသ မ ၄၃ လက်မရှိဖြစ်သည်။